Connect with us

Europe

ဘရပ်ဆဲလ် အသေခံ ဗုံးဖောက်ခွဲမှု သံသယရှိသူများအား ဖော်ထုတ်နိုင်ခဲ့

စီစီတီဗီ ကင်မရာမှတဆင့် ရိုက်ယူထားသည့် အသေခံ ဗုံးဖောက်ခွဲသူနှစ်ဦး၏ ရုပ်ပုံ (ဓာတ်ပုံ- အင်တာနက်)

ဘရပ်ဆဲလ်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် မတ်လ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးပေါက်ကွဲမှု နှစ်ခု၏ သံသယရှိသူအဖြစ် Khalid နှင့် Brahim El Bakraoui ညီအစ်ကို နှစ်ဦးအား ဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲ သတင်း ရင်းမြစ်အား ကိုးကား၍ ဘယ်လ်ဂျီယံ အသံလွှင့် ဋ္ဌာန RTBF က မတ်လ ၂၃ ရက်၌ ဖော်ပြထားသည်။

Brahim El Bakraoui သည် ဘရပ်ဆဲလ် လေဆိပ်၌ အသေခံ ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်ပြီး Maelbeek ရထား ဘူတာဖောက်ခွဲမှုကိုမူ Khalid က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း RTBF ၌ ဖော်ပြထားသည်။

RTBF ၏ အစောပိုင်း သတင်းဖော်ပြချက်အရ ထိုညီအစ်ကို နှစ်ဦးလုံးမှာ လေဆိပ်၌ အသေခံ ဗုံးဖောက်ခွဲသူများ ဖြစ်ကြောင်း ရေးသားထားသည်။

အသက် ၂၇ နှင့် ၃၀ အရွယ်ရှိ ညီအစ်ကို နှစ်ဦးမှာ ပဲရစ်မြို့ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ်မှုရှိသဖြင့် ရဲတပ်ဖွဲ့က အလိုရှိ နေသူများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား ယခင် ပြစ်မှုများကြောင့် ရဲတပ်ဖွဲ့က သိထားပြီးသူများလည်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးအနက် Brahim El Bakraoui သည် ၂၀၁၀ ခုနှစ်က ဘရပ်ဆဲလ်ရှိ ငွေလဲကောင်တာ တစ်ခု၌ လုယက်နေစဉ် ဝင် ရောက်ဖမ်းဆီးခဲ့ရာ ရဲအား ပြန်လည် ပစ်ခတ်ခဲ့မှုဖြင့် ထောင်ကျခဲ့သူ ဖြစ်သည်။ Khalid ကလည်း ၂၀၁၁ ခုနှစ်က ကားပြန်ပေးဆွဲမှုကြောင့် ကျခံရမည့် ထောင်ဒဏ် ၅ နှစ်အား ဆိုင်းငံ့ခံထားရသူ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.