Connect with us

Europe

၁၉၅၉ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးတစ်ဦး ကျူးဘား နိုင်ငံသို့ရောက်ရှိလာ

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Philip Hammond အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန် ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဖိလစ်ဟမ်မွန် (Philip Hammond) သည် ၂ဝ၁၆ ခုနှစ် ဧပြီလ ၂၉ ရက်တွင် ကျူးဘား နိုင်ငံသို့ရောက်ရှိမည် ဖြစ်ရာ ၎င်းသည် ရာစုနှစ် တစ်ဝက်ကျော် ကာလအတွင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး တစ်ဦး၏ ပထမဆုံး ကျူးဘားနိုင်ငံ ခရီးစဉ် တစ်ခု ဖြစ်လာမည်ဟု ဗြိတိန်နိုင်ငံခြားရေး နှင့် ဓနသဟာယနိုင်ငံများရုံး (FCO) က သတင်း ထုတ်ပြန်သည်။

လက်တင် အမေရိက သို့အလည်အပတ် ခရီး သွားရောက်မည့် ဟမ်မွန်သည် ကျူးဘား နိုင်ငံခြားရေး ဝန်ကြီး Bruno Rodriguez အပါအဝင် အခြား အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ကျူးဘား နိုင်ငံအတွင်း လတ်တလော ပြောင်းလဲရန် လိုအပ်နေသည့် လူမှုရေး နှင့် စီးပွားရေး ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသွားမည်ဟု FCO ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ခရီးစဉ်အတွင်း ဟမ်မွန်သည် ဗြိတိန်နိုင်ငံပေါ် တင်ရှိနေသည့် ကျူးဘား ကြွေးမြီများကို ပြန်လည် ပြင်ဆင်မည့် နှစ်ဖက် သဘောတူညီမှု စာချုပ်ကို လက်မှတ် ရေးထိုးရန် နှင့် UK နှင့် ကျူးဘား နိုင်ငံတို့အကြား ပညာရေး ၊ ယဉ်ကျေးမှု ၊ စွမ်းအင် ၊ ငွေကြေး ဝန်ဆောင်မှု စသည့် လုပ်ငန်းရပ်များ၌ အနာဂတ်တွင် ခိုင်မာသော ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အတွက် မျှော်လင့်ထားသည်ဟု ဆိုသည်။
FCO ၏ ထုတ်ပြန်ချက်တွင် ဟမ်မွန်က “ ဗြိတိန် နဲ့ ကျူးဘားဟာ ကမ္ဘာပေါ်မှာ တစ်သီးတစ်ခြား စီပါပဲ။ ပြီးတော့ အစိုးရ အုပ်ချုပ်ရေး ယန္တယား ပုံစံက လုံးဝ ကွဲပြား ခြားနားပါတယ် ” ဟု ဆိုထားသည်။ သို့ရာတွင် ဗြိတိန် အနေဖြင့် အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်လျက် ဆက်သွယ်မှု အသစ်များ ပြုလုပ်ရန် စိတ်အား ထက်သန်နေကြောင်း ကျူးဘားအစိုးရ နှင့် ပြည်သူများသို့ပြသသွားမည်ဟု ၎င်းက ဆိုသည်။
ဟမ်မွန်၏ ကျူးဘား ခရီးစဉ်သည် ၁၉၅၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် ကျူးဘား တော်လှန်ရေး နောက်ပိုင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးတစ်ဦး၏ ပထမ ဆုံးကျူးဘား ခရီးစဉ် ဖြစ်လာမည်။ “ကျူးဘား ပြည်သူတွေရဲ့သူတို့နိုင်ငံအနာဂတ် ဘယ်မှာလဲ ၊ လတ်တလော စိန်ခေါ်မှုတွေအပေါ် ဘယ်လို တွေးတောနေကြလဲ ဆိုတာကို ကျနော် ကိုယ်တိုင် ကြားသိခွင့် ရတော့မယ့် အခွင့်အရေး တစ်ရပ်ပေါ့ဗျာ” ဟု ဟမ်မွန်က ပြောသည်။
နှစ်ပေါင်း ၉ဝ နီးပါး အတွင်း အမေရိကန်နိုင်ငံ သမ္မတ တစ်ဦး၏ ပထမဆုံး ကျူးဘားနိုင်ငံခ ရီးစဉ်အပြီး လပိုင်း အချိန်တွင်းမှာပင် ဟမ်မွန်၏ ကျူးဘား ခရီးစဉ် ဖြစ်လာသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.