Connect with us

Europe

ယူကရိန်းတပ်များက ရုရှားမြေပြင်သို့ ဝင်ရောက်တိုက်ခိုက်ပြီး ရုရှားသမ္မတရွေးကောက်ပွဲမဲပေးမှုကို နှောင့်ယှက်ရန် ကြိုးပမ်းနေကြောင်း ပူတင် ပြောကြား

မော်စကို၊ မတ် ၁၇ ရက် (ဆင်ဟွာ)

မကြာသေးမီရက်ပိုင်းအတွင်း ယူကရိန်းစစ်တပ်က ရုရှားမြေပြင်သို့ ဝင်ရောက်တိုက်ခိုက်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်းနှင့် ရုရှားသမ္မတရွေးကောက်ပွဲ မဲပေးမှုကို တိုက်ခိုက်ခြင်းဖြင့် နှောင့်ယှက်ရန် ကြိုးပမ်းနေသည်ဟု ရုရှားသမ္မတ ဗလာတီမာပူတင်က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။မတ် ၁၂ ရက်မှ မတ် ၁၅ ရက်အထိ ယူကရိန်းက အထူးတပ်ဖွဲ့များ၊ နိုင်ငံခြားကြေးစားစစ်သားများနှင့် ယူကရိန်း ထောက်ပံ့ရေးတပ်ဖွဲ့များကို အဓိကအသုံးပြုပြီး ရုရှားပိုင်နက်အတွင်းသို့ ကြိမ်ဖန်များစွာဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြပြီး ဖျက်ဆီးမှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှု အများအပြားကို ဖန်တီးခဲ့ကြောင်း၊ ယူကရိန်းစစ်တပ်သည် လူဦးရေ ၂၅၀၀ ကျော်၊ တင့်ကား ၃၅ စီးနှင့် သံချပ်ကာယာဉ် အစီး၄၀ ကို အသုံးပြုခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ရုရှားလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် ရုရှားသမ္မတပူတင်တို့ အွန်လိုင်းအစည်းအဝေးပြုလုပ်ရာတွင် ပြောကြားခဲ့သည်။ (Xinhua)
………………………………………………………
(Chinese Version)
普京:乌军进攻俄本土试图扰乱俄总统选举投票
新华社莫斯科3月15日电 俄罗斯总统普京15日说,乌克兰军队近日多次试图进攻俄罗斯本土均未取得成功,乌军试图通过袭击扰乱俄总统选举投票。
普京当天以视频形式与俄安全会议成员举行会议时说,从12日至今,乌方主要利用特种部队、外国雇佣兵和乌军支援部队多次试图进入俄领土,制造了多起破坏和恐怖袭击事件。乌军为此动用了超过2500人、35辆坦克和40辆装甲车,但未取得成功。(完)