မော်စကို၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်သုံး ပိုဆိုက်ဒန် ရေအောက်သွား မောင်းသူမဲ့ရေယာဉ်အား အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ရုရှားသမ္မတ ဗလာတီမာ ပူတင်က အောက်တိုဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။ “ပထမဆုံးအကြိမ်အနေနဲ့ ကျွန်တော်တို့ဟာ မောင်းသူမဲ့ရေယာဉ်ကို ရေငုပ်သင်္ဘောတစ်စင်းကနေ အဟုန်မြှင့်စက်သုံးပြီး ရေချရာမှာ အောင်မြင်ခဲ့ရုံတင်မကဘဲ...
မော်စကို၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ရုရှားသမ္မတ ဗလာတီမာပူတင်နှင့် မြောက်ကိုရီးယားနိုင်ငံ (DPRK) နိုင်ငံခြားရေးဝန်ကြီး Choe Son Hui တို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံမှုခိုင်မာရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော်က အောက်တိုဘာ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သည်။ “ကျွန်တော်တို့ရဲ့ ချစ်ကြည်ရင်းနှီးမှု၊ ကျွန်တော်တို့ရဲ့ မိတ်ဖက်ဆက်ဆံရေး၊...
မော်စကို၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) အမေရိကန် စည်းကြပ်ခွန်မူဝါဒနှင့် ၎င်းကြောင့်ဖြစ်ပေါ်သော ကုန်သွယ်ရေးစစ်ပွဲများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအား ဆုတ်ယုတ်ခြင်းသို့ တွန်းအားပေးနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အောက်တိုဘာ ၂၇ ရက်က ပြောကြားခဲ့သည်။ Zakharova က လက်ရှိအခြေအနေအရ ဆိုရလျှင်...
အန်ကာရာ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ဒေသတွင်း အခင်းအကျင်း မတည်ငြိမ်မှုများကြား ၎င်းတို့၏ ကာကွယ်ရေးစွမ်းရည်များကို အားဖြည့်ရန် ကြိုးပမ်းနေသည့် တူကီယဲနိုင်ငံက ဗြိတိန်နိုင်ငံမှ ယူရိုဖိုက်တာ တိုင်ဖွန်း ဂျက်တိုက်လေယာဉ် အစင်း ၂၀ အား ပေါင် ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၆၄ ဘီလီယံ)...
မော်စကို၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များသည် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးပြန်လည်ထူထောင်ရန် ကြိုးပမ်းမှုများကို ရှုပ်ထွေးစေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အောက်တိုဘာ ၂၆ ရက်၌ ထုတ်ပြန်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ “ဒီသီတင်းပတ်မှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ စိမ်းကားတဲ့ လုပ်ရပ်တစ်ခုပါပဲ။...
ပဲရစ်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင် လူဗာပြတိုက် လုယက်မှုအတွင်း ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြင်သစ် “Le Parisien” သတင်းစာ၏ အောက်တိုဘာ ၂၆ ရက် သတင်းတွင် ဖော်ပြခဲ့သည်။ ဖမ်းဆီးခံခဲ့ရသော...
လန်ဒန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) မကြာသေးမီရက်က ပြည်တွင်းမီဒီယာတွင် ထုတ်ဝေခဲ့သော ဗြိတိန်စီးပွားရေးပညာရှင် Gerard Lyons က ၎င်းအမည်ဖော်ပြသည့် ဆောင်းပါးတစ်ပုဒ်၌ ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် မြှင့်တင်သင့်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု စသည့်...
ဘာလင်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ပထမရှစ်လတာအတွင်း တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ကျော်တက်ကာ ဂျာမနီနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်လာခဲ့သည်ဟု ဂျာမနီ ဖက်ဒရယ်စာရင်းအင်းရုံးက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ ထိုအပြောင်းအလဲက အမေရိကန်၏ စည်းကြပ်ခွန်နှင့် ကုန်သွယ်ရေး အတားအဆီးများ၏ သက်ရောက်မှု ကြီးမားလာသည်ကို...
ဘူဒါပတ်စ်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ဟန်ဂေရီအစိုးရအနေဖြင့် ဥရောပသမဂ္ဂတွင် ယူကရိန်းပါဝင်မှုအား လက်ခံရန် ငြင်းပယ်ကြောင်း ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban က အောက်တိုဘာ ၂၃ ရက်တွင် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ ကျင်းပသည့် စုဝေးပွဲတစ်ခု၌ ထပ်မံအလေးထားပြောကြားခဲ့ပြီး တစ်ချိန်တည်းတွင် ဥရောပသမဂ္ဂက ယူကရိန်းအတွက်...
ကိဗ်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံသည် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအတွင်း ယူကရိန်းစစ်သည်များဟု ယူဆရကြောင်း ရုရှားအစိုးရက ပြောကြားခဲ့သည့် ရုပ်အလောင်း ၁,၀၀၀ ကို ရုရှားနိုင်ငံထံမှ လက်ခံရရှိခဲ့သည်ဟု ယူကရိန်းက အောက်တိုဘာ ၂၃ ရက်၌ ထုတ်ပြန်ခဲ့သည်။ အဆိုပါရုပ်အလောင်းများကို ယူကရိန်းသို့ ပြန်လည်သယ်ဆောင်ရာတွင် နိုင်ငံတကာ...