Connect with us

International Organizations

BRICS ဘဏ်နှင့် AIIB တို့ လုပ်ငန်း လည်ပတ်မှု စတင်ရန်အတွက် ကောင်းမွန်သော လမ်းကြောင်း ပေါ်ရောက်ရှိဟု တာဝန်ရှိသူ ပြောကြား

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် BRICS ဘဏ် တရားဝင် ဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် BRICS နိုင်ငံများ ပါဝင်သော New Development Bank (NDB) နှင့် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) တို့ အတွက်ကြိုတင် ပြင်ဆင်မှုများ အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်လျက် ရှိကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂၈ ရက်နေ့က တရားဝင် ပြောကြားလိုက်သည်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အမေရိက နိုင်ငံများ ပါဝင်သော BRICS နိုင်ငံများဖြင့် စတင် ထားသော NDB ဘဏ်သည် လာမည့် ဧပြီလတွင် ပထမဆုံး ချေးငွေအသစ်အား ခွင့်ပြုပေးနိုင်ရန် မျှော်လင့်ထား ကြောင်း NDB ဘဏ်၏ ဒုတိယ ဥက္ကဋ္ဌ ဗလာဒီမာ ကက်ဇ်ဘက်ကောဗ် က ပေကျင်းတွင် ပြုလုပ်သော ဆွေးနွေး ပွဲ၌ ပြောသည်။

ဘဏ် အနေဖြင့် ချေးငွေ လျှောက်လွှာများအား လက်ခံ ရရှိထားပြီး ဖြစ်သလို စွမ်းအင်-အသုံးချ ပရောဂျက်အား ပထမဆုံး ချေးငွေ ချထားပေးရန် မျှော်လင့်ထားကြောင်း ကက်ဇ်ဘက်ကောဗ်က ပြောဆိုခဲ့ပြီး ဝန်ထမ်းအင်အား အယောက် ၁၀၀ အထိ တိုးမြှင့်နိုင်ရန် စီစဉ်ထားကြောင်း ၎င်းက မှတ်ချက်ပြု ပြောခဲ့သည်။

အဓိက အားဖြင့် BRICS နိုင်ငံများ၌ အခြေခံ အဆောက်အအုံ စီမံကိန်း များတွင် ငွေကြေး ထောက်ပံ့ရန် အတွက် ရည်ရွယ်၍ NDB ဘဏ်အား ဇူလိုင်လ အတွင်းက ရှန်ဟိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်ကုန် သို့မဟုတ် ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ဘဏ်လုပ်ငန်း စတင်လည်ပတ်နိုင်ရန် အကြမ်းဖျဉ်း စီစဉ်ထားပါသည်။

ပုံမှန် လည်ပတ်မှု များနှင့်အတူ လာမည့်နှစ် အစပိုင်းတွင် ဘက်ပေါင်းစုံ အကျိုးရှိသော AIIB ၏ ဘဏ်လုပ်ငန်းများ စတင် သွားရန် ရှိကြောင်း ဘဏ်လုပ်ငန်း စတင်ရေး အတွက် ပြင်ဆင်မှုပိုင်းဆိုင်ရာ တာဝန်ခံ ချန်ဟွမ် ကပြောသည်။

ဘဏ်သည် စွမ်းအင်၊ သယ်ယူ ပို့ဆောင်ရေး၊ မြို့ပြ တည်ဆောက်ရေးနှင့် ထောက်ပံ့ သယ်ပို့လုပ်ငန်း၊ ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလိမ့်မည် ဖြစ်ကြောင်း ချန်ကပြောသည်။

AIIB သဘောတူညီမှု အတွက် ဥပဒေ မူဘောင်များအတိုင်း ခွင့်ပြုရေး လုပ်ငန်းစဉ်များအား တရုတ်နိုင်ငံမှ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနမှ အရာရှိ ကျန့်ချွမ် ကပြောသည်။

အာရှတွင် အခြေခံ အဆောက်အအုံ လုပ်ငန်းများ ငွေကြေးထောက်ပံ့နိုင်ရန် မတည်ငွေ ပမာဏ အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံဖြင့် ဘဏ်ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ တရုတ်၊ အိန္ဒိယနှင့် ရုရှား စသည့် သုံးနိုင်ငံသည် အကြီးဆုံး အစု ရှယ်ယာဝင်များ ဖြစ်ကြသည်။ (Xinhua)