Connect with us

International Organizations

BRICS မီဒီယာ ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေး ပထမဆုံး အကြိမ် ကျင်းပ

BRICS မီဒီယာ ထိပ်သီး အစည်းအဝေးသို့ တက်ရောက် လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

BRICS အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာ ခေါင်းဆောင်များ စုဝေး၍ ပထမဆုံး အကြိမ် မီဒီယာ ထိပ်သီး အစည်း အဝေးအား နိုဝင်ဘာလ ၃၀ ရက်၌ ပေကျင်းတွင် ကျင်းပပြီး BRICS အဖွဲ့ဝင် နိုင်ငံများအကြား မီဒီယာ ဖလှယ်ရေး ပိုမို တိုးမြင့်လာစေရေး သဘောတူ ခဲ့ကြသည်။

ထို အစည်းအဝေးအား ဆင်ဟွာ သတင်းဋ္ဌာန ဥက္ကဋ္ဌနှင့် ထိပ်သီး အစည်းအဝေး၏ သဘာပတိလည်း ဖြစ်သူ ချိုက်မင်းကျို က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်း ဖြစ်သည်။ ဘရာဇီး ဆက်သွယ်ရေး ကုမ္ပဏီ၊ ရုရှား တူဒေး အင်တာ နေရှင်နယ် အင်ဖော်မေးရှင်း အေဂျင်စီ၊ ဟိန္ဒူ ဂရု (ပ်) သတင်းစာနှင့် တောင်အာဖရိက၏ အင်ဒီပန်ဒန့် မီဒီယာ တို့မှ ခေါင်းဆောင်များ တက်ရောက်၍ အစည်းအဝေး၏ တွဲဖက် သဘာပတိများ အဖြစ် ဆောင်ရွက် ကြမည် ဖြစ်သည်။

BRICS အဖွဲ့ဝင် နိုင်ငံများ အကြား လက်တွေ့မီဒီယာ ပူးပေါင်း ဆောင်ရွက်မှုနှင့် စပ်ဆိုင်သည့် လုပ်ဆောင်ချက် ၆ ချက်အား သဘောတူခဲ့သည်။ ယင်းတို့မှာ BRICS မီဒီယာ ထိပ်သီး အစည်းအဝေး အတွက် ဆက်ဆံရေးရုံး တည်ထောင်ရေး၊ BRICS မီဒီယာ ဖောင်ဒေးရှင်း၊ BRICS မီဒီယာ ဂျာနယ်လစ်ဇင် ဆု တည်ထောင်ရေး၊ BRICS ဂျာနယ်လစ်များ အတွက် သင်တန်းပေးခြင်းနှင့် ဖလှယ်ခြင်းများ ပါဝင်သော ပူးတွဲ ဓာတ်ပုံပြပွဲ ပြုလုပ်ခြင်းနှင့် G20 ပါဝင်သည့် BRICS ပူးတွဲ မီဒီယာအတွက် ညှိနှိုင်း ဆောင်ရွက်မှု လုပ်ထုံး လုပ်နည်းများ စသည်တို့ ပါဝင် သည်။

BRICS နိုင်ငံများ အကြား နိုင်ငံရေး၊ စီးပွားရေး၊ ငွေကြေး၊ ကုန်သွယ်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု နယ်ပယ်များ တွင် ပူးပေါင်း ဆောင်ရွက်ရေး အတွက် ဆင်ဟွာ ဥက္ကဋ္ဌ ချိုက်က ပြောကြားခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ သတင်းပြန်ကြားရေး အကြီးအကဲ လျူ ကွီဘောင်ကလည်း ကမ္ဘာ့ပေါ်တွင် တရားမျှတမှုနှင့် ညီမျှမှု ကာကွယ်ရေး အတွက် ဘုံ သဘောထား တစ်ခုအား ပုံဖော်ရန်နှင့် BRICS အဖွဲ့ဝင်နိုင်ငံ များ၏ မီဒီယာများ ပူးပေါင်း ဆောင်ရွက်ကြရန် ဒီဇင်ဘာလ ၁ ရက်က တိုက်တွန်း လိုက်သည်။

ငြိမ်းချမ်းစွာ ဖွံ့ဖြိုးမှုနှင့် ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် လျူက ပြောကြားခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှု လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲမှု ကိုင်တွယ် ဖြေရှင်းရေး စသည်တို့ လုပ်ဆောင်ကြရန်လည်း တိုက်တွန်းထားသည်။

ထို့ပြင် မီဒီယာ ဖွံ့ဖြိုးရေးနှင့် ဆက်သွယ်ရေး တိုးမြှင့်ရာတွင် ကြီးမားသော သက်ရောက်မှု ရှိစေရန်နှင့် BRICS ပူးပေါင်းဆောင်ရွက်မှု ကျစ်လစ် ခိုင်မာစေရန် လျူက အဆိုပြုထားသည်။

တရုတ် နိုင်ငံ အစိုးရအနေဖြင့်လည်း BRICS မိတ်ဖက်များဖြင့် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ခိုင်မာစွာ ညှိနှိုင်း ဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါသည်။ (Xinhua)