Connect with us

International Organizations

ဖီဖာ ဥက္ကဋ္ဌ ရာထူးနေရာ ယှဉ်ပြိုင်မည့်သူ ရှစ်ဦးရှိ

ဆွစ်ဇာလန် နိုင်ငံတွင် ကျင်းပခဲ့သော ၆၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (FIFA) အစည်းအဝေး (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ရာထူးနေရာ အတွက် ယှဉ်ပြိုင်ရန် လျှောက်ထားသူ အရေအတွက်မှာ အောက်တိုဘာလ ၂၆ ရက် (တနင်္လာနေ့) စာရင်း ပိတ်သိမ်းချိန်ထိ ရှစ်ဦး ရှိကြောင်း သိရသည်။

၎င်းတို့မှာ ဆွစ်လူမျိုး ရှေ့နေ ဥရောပ ဘောလုံး အဖွဲ့ချုပ် သမဂ္ဂ (UEFA) အထွေထွေ အတွင်းရေးမှူး အသက် ၄၅ နှစ် အရွယ် ဂျာနီ အင်ဖန်တီနို၊ အသက် ၃၉ နှစ်အရွယ် ဂျော်ဒန်မင်းသား အလီဘင် အယ်လ်ဟူစိန်၊ ပြင်သစ် သံတမန်ဟောင်းနှင့် ဖီဖာ ဒုတိယ အထွေထွေ အတွင်းရေးမှူး အသက် ၅၇ နှစ်အရွယ် ဂျရုန်းမ် ရှန်ပိန်း၊ Trinidad နှင့် Tobagao နိုင်ငံ အသင်း ခေါင်းဆောင်ဟောင်း အသက် ၅၁ နှစ်အရွယ် ဒေးဗစ် နာခစ်၊ ၂၀၁၀ ခုနှစ် တောင်အာဖရိက ကမ္ဘာ့ဖလား ရွေးချယ်ရေး အဖွဲ့ဝင် အသက် ၆၂ နှစ်အရွယ် တိုကျို ဆက်စ်ဝေးလ်၊ လိုင်ဘေးရီးယား ဘောလုံးအသင်း ဥက္ကဋ္ဌ အသက် ၄၈ နှစ်အရွယ် မူဆာဘီလစ်တီ၊ အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရှိတ်ဆယ်လ်မန် ဘင်ဘရာဟင်မ် အယ်လ် ခါလစ်ဖ် နှင့် UEAF ဥက္ကဋ္ဌ အသက် ၆၀ နှစ်အရွယ် မစ်ချယ် ပလက်တီနီ တို့က ဖီဖာ ဥက္ကဋ္ဌ ရာထူးနေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

လက်ရှိတွင် ဘတ္တလာ၊ ပလက်တီနီနှင့် အထွေထွေ အတွင်းရေးမှူး ဂျရုန်းမ် ဗဲလ် တို့အား လာဘ်စားမှု စွပ်စွဲချက် များကြောင့် ဘောလုံး လှုပ်ရှားမှုများမှ ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ထားခြင်း ခံရသည်။

ဖီဖာ ဥက္ကဋ္ဌ နေရာ ရွေးကောက်ပွဲအား လာမည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ပြုလုပ်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.