Connect with us

Latin America

ဘရာဇီးနိုင်ငံတွင် ဇွန်လကစ၍ ဝက်သက်ရောဂါဖြစ်ပွားမှုပေါင်း ၄၅၀၀ရှိကြောင်း အတည်ပြု

ဘရာဇီးနိုင်ငံ၏ မြို့တစ်မြို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ဇွန်လနှောင်းပိုင်းကစ၍က ပြည်နယ်ပေါင်း ၁၉ ခုတွင် ဝက်သက်ရောဂါဖြစ်ပွားမှုစာရင်းအရ ၄၅၀၇ ခုရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်တွင်ပြောသည်။ 

အဆိုပါရောဂါ နှင့်ပတ်သက်၍ သံသယရှိသူ ၂၁,၇၁၁ ဦးရှိကြောင်း ဖြည့်စွက်ချက်အရ သိရသည်။

ယခုနှစ်တွင် ဝက်သက်ရောဂါကြောင့် အရွယ်ရောက်ပြီးသူ ၂ ဦး နှင့် ၂၆ ရက် အရွယ်ရှိ ကလေးငယ်တစ် ဦးအပါအဝင် ကလေးငယ် ၄ဦး၊စုစုပေါင်းသေဆုံးသူ ၆ဦးရှိကြောင်းသိရသည်။ ဘရာဇီးနိုင်ငံ၏ လူဦးရေများပြားသော Sao Paulo ပြည်နယ် တွင် ဝက်သက်ရောဂါဖြင့် သေဆုံးသည့်စာရင်းများအား မှတ်ပုံတင်ထားကြောင်း သိရသည်။ 

အဆိုပါဝက်သက်ရောဂါကို ကာကွယ်နိုင်ရန်အတွက်ဘရာဇီးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန MMR ကာကွယ်ဆေး အပိုများဝယ်ယူရန် နှင့် နိုင်ငံလုံးဆိုင်ရာကာကွယ်ဆေးထိုးရေး လှုပ်ရှားမှု ဆောင်ရွက်ရန်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဝက်သက်အပြင် ဂျိုက်သိုး နှင့် ပါးချိတ်ရောင်နာရောဂါတို့ကို ပါ တိုက်ထုတ်ရန် လိုအပ် ကြောင်းဖြည့်စွက်ခဲ့သည်။ 

အဆိုပါလှုပ်ရှားမှု၏ ပထမအဆင့် အနေဖြင့် အသက် ၆လ မှ ၅ နှစ်ကလေးများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် အသက်၂၀ မှ ၂၉ နှစ်အရွယ်ရှိသူများအားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌ ဝက်သက်ရောဂါဖြစ်ပွားသူ ၁၀,၃၃၀ ဦးရှိပြီး ၁၂ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.