Connect with us

Latin America

အီကွေဒေါတွင် ပြင်းအား ၅.၄ အဆင့် ငလျင်လှုပ်ခတ်

ငလျင်လှုပ်ခတ်သည့်နေရာအား မြေပုံ၌တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ကွီတို ၊ မေ ၂၃ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံ မြောက်ပိုင်း Imbaburaပြည်နယ်တွင် မေလ ၂၂ ရက်က ပြင်းအား ၅.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ယခုလက်ရှိ သေဆုံးဒဏ်ရာရမှုနှင့်ပျက်ဆီးဆုံးရှုံးမှုစာရင်း ထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် မေ ၂၂ ရက် ၈:၃၆ နာရီ တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး Imbabura ပြည်နယ်ရှိ Cotacachi ခရိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ရာ ငလျင်အနက် ၁၀ ကီလိုမီတာ ရှိသည်ဟု အီကွေဒေါနိုင်ငံ ဘူမိရူပဗေဒသိပ္ပံက ဆိုသည်။ Imbabura ပြည်နယ်အပြင် ၎င်းပြည်နယ်အနီးရှိ Pichinchaပြည်နယ်ကိုလည်း ဂယက် ရိုက်ခတ်ခဲ့ကြောင်း ၊ ငလျင်လှုပ်ခတ်စဉ် မြို့တော် ကွီတိုတွင် လူများက အဆောက်အဦးမှ ဘေးလွတ်ရာလမ်းများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

အီကွေဒေါသည် ပစိဖိတ်ငလျင်ကြောတွင်တည်ရှိပြီး မီးတောင်များရှိသောကြောင့် ငလျင်ဘေး၊ မီးတောင်ကြောင့်ဖြစ်ပွားသောကပ်ဘေးများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.