Connect with us

Latin America

ပီရူး နိုင်ငံ အစိုးရ က မြောက်ကိုရီးယား နိုင်ငံ သံအမတ်ကြီး အား သတ်မှတ်ချိန်အတွင်း နိုင်ငံ မှ ထွက်ခွာပေးရန် တောင်းဆို

ပီရူး နိုင်ငံ အား မြင်တွေ့ရစဉ် (ဓတ်ပုံ-google maps)

လီမာ ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ပီရူး နိုင်ငံ အစိုးရ က စက်တင်ဘာ ၁၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် မြောက်ကိုရီးယား နိုင်ငံ သည် ကုလသမဂ္ဂ ၏ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ နျူကလီးယား စမ်းသပ်မှု ပြုလုပ်သောကြောင့် မြောက်ကိုရီးယား နိုင်ငံ သံအမတ်ကြီးအား ၅ ရက်အတွင်း နိုင်ငံ မှ ထွက်ခွာပေးရန် တောင်းဆိုကြောင်း ပါဝင်ခဲ့သည်။

ပီရူး နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်တွင် ပီရူး နိုင်ငံ အစိုးရ အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းမှာ မြောက်ကိုရီးယား နိုင်ငံ မှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက် ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့သောကြောင့် ဖြစ်ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ သည် နိုင်ငံတကာ အသိုင်းအဝိုင်း မှ တောင်းဆိုသည့် အပြည်ပြည်ဆိုင်ရာ လုပ်ငန်း တာဝန် ကို လျစ်လျူရှုကာ နျူကလီးယား စွန့်လွှတ်ရေး တောင်းဆိုမှု ကိုလည်း လုံးဝ အလေးထားခြင်း မရှိသောကြောင့် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ပီရူး နိုင်ငံ အစိုးရ က မြောက်ကိုရီးယား နိုင်ငံ ၏ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး မူဝါဒ သည် နိုင်ငံတကာ ငြိမ်ချမ်းရေး နှင့် လုံခြုံရေး အပေါ် လွန်စွာ ဆိုးရွားသော ၊ လက်မခံ နိုင်သော ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာကြောင်း သတ်မှတ်ခဲ့သည်။

ယခုနှစ် မတ်လပိုင်းတွင် ပီရူ နိုင်ငံ မှ မြောက်ကိုရီးယား နိုင်ငံ ၏ အဆက်မပြတ် နျူကလီးယား စမ်းသပ် ခြင်း အပေါ် ပိတ်ဆို့အရေးယူသည့် အနေဖြင့် ပီရူး နိုင်ငံ ဆိုင်ရာ မြောက်ကိုရီးယား နိုင်ငံ သံရုံး မှ သံတမန်ရေးရာ ဝန်ထမ်း ဦးရေ ကို ၆ ဦး မှ ၃ ဦး အထိ လျှော့ချ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.