Connect with us

North America

အာကာသတပ်ဖွဲ့ဖွဲ့စည်းရေး ဥပဒေကြမ်းရေးဆွဲရန် သမ္မတထရမ့်က ကာကွယ်ရေးဝန်ကြီးဌာနကို အမိန့်ပေး

အာကာသတပ်ဖွဲ့ ဖွဲ့ စည်းရေး ဥပဒေကြမ်းရေးဆွဲရန် သမ္မတထရမ့် လက်မှတ်ရေးထိုးစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်အာကာသတပ်ဖွဲ့တစ်ခု ဖွဲ့စည်းရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေကြမ်းတစ်ခု တိုက်ရိုက်ရေးဆွဲရေး အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီ ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယင်းမှာ “ အမေရိကန်က အာကာသထိန်းချုပ်မှုမှာ အာမခံချက်ရရှိဖို့ရည်ရွယ်တဲ့ မဟာဗျူဟာမြောက်ခြေလှမ်းတစ်ရပ် ၊ စွမ်းဆောင်ချက်တစ်ခုပါပဲ ” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ကမ္ဘာပေါ်မှာ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကြီးမားမှုဟာ အမျိုးသားသွင်ပြင်လက္ခဏာတစ်ခုဖြစ်ရုံသာမက အမျိုးသားလုံခြုံရေးလည်းဖြစ်ပါတယ်” ဟု ထရမ့်က ဆိုသည်။

အာကာသမူဝါဒဆိုင်ရာညွှန်ကြားချက်- ၄ က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအား အမေရိကန်စစ်တပ်၏ ၆ ခုမြောက် တပ်ဖွဲ့ခွဲတစ်ခုဖြစ်သော အာကာသတပ်ဖွဲ့ထူထောင်ရေး အဆိုပြုချက် ဥပဒေကြမ်းတစ်ခုကို ရေးဆွဲရန် တောင်းဆိုထားသည်။

သို့သော်လည်း အစပထမတွင် အာကာသတပ်ဖွဲ့ကို အမေရိကန် လေတပ်ဦးစီးဌာနနှင့်အတူ ပူးတွဲ ဖွဲ့စည်းသွားရမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရသိရသည်။

၂ဝ၁၈ ခုနှစ် ဇွန်လတွင် သမ္မတထရမ့်က အာကာသတပ်ဖွဲ့ဖွဲ့စည်းရေးအဆိုပြုချက်တစ်ခုကို တင်သွင်းခဲ့ပြီး ယင်းမှာ အမေရိကန်လေတပ်နှင့်အတူ “ တစ်သီးတစ်ခြားစီဖြစ်တယ်။ဒါပေမယ့် ညီမျှတယ်” ဟု ဆိုခဲ့သည်။

အဆိုပါ တပ်ဖွဲ့သစ်အပေါ် ကန့်ကွက်မှုလည်း ရှိနေသည်။

“ အာကာသလုံခြုံရေးဟာ ဘက်ပေါင်းစုံမှာ မအောင်မြင်နိုင်ပါဘူး။ဒါမှမဟုတ် အဲဒါဟာ စစ်တပ်လို့အဓိပ္ပါယ်မဖွင့်နိုင်ပါဘူး။ အဲဒါက အခြားသော အာကာသ စူးစမ်းလေ့လာရေးလုပ်နေတဲ့ နိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှု နဲ့ညှိနှိုင်းမှုတွေ လုပ်ဖို့လိုအပ်ပါတယ်” ဟု သိပ္ပံပညာရှင်များအဖွဲ့ချုပ် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအစဉ်၏ အကြီးတန်းသိပ္ပံပညာရှင် Laura Grego က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

“ အာကာသလက်နက်တွေ တပ်ဆင်တဲ့ နိုင်ငံတွေအတွက် အာကာသတပ်ဖွဲ့တစ်ခု တည်ဆောက်ပြီး သူ့အတွက် တစ်စုံတစ်ရာအကျိုးရှိဖို့လုပ်မယ်ဆိုရင်တော့ ပဋိပက္ခတွေကို ပိုပြီးတိုးမြင့်စေမှာပါ။ အဲဒါက လုံးဝမကောင်းတဲ့ အတွေးအခေါ်တစ်ခုပဲ ဖြစ်ပါလိမ့်မယ် ” ဟု ၎င်းက ဆိုသည်။

အဆိုပါ အာကာသတပ်ဖွဲ့သစ် ထူထောင်ရေးနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်၏ အတည်ပြုချက် ရယူရန် လိုအပ်နေသေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.