Connect with us

North America

တူရကီနိုင်ငံရှိ အမေရိကန်သံရုံးကို ဒီဇင်ဘာ ၂ဝ ရက်တွင် ပိတ်သိမ်းထားမည်

တူရကီနိုင်ငံရှိ အမေရိကန်သံရုံးအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ ၊ ဒီဇင်ဘာ ၂ဝ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံရှိ အမေရိကန်သံရုံးကို ဒီဇင်ဘာလ ၂ဝ ရက်တွင် ပိတ်သိမ်းထားမည်ဖြစ်ကြောင်း တူရကီနိုင်ငံ အန်ကာရာမြို့ရှိ အမေရိကန်သံရုံး၏ ဒီဇင်ဘာလ ၂ဝ ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အန်ကာရာမြို့ရှိ အမေရိကန်သံရုံး အဝင်ဂိတ်ဝကို လူတစ်ဦးချဉ်းကပ်လာခဲ့ကြောင်း နှင့် သေနတ်တစ်လက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ သို့သော် ယင်းဖြစ်ရပ်ကြောင့် ဒဏ်ရာရသူရှိသည်ဟူသော သတင်းဖော်ပြချက် မရှိသလို ရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးထိန်းသိမ်းထားသူမရှိကြောင်း သိရသည်။

“ အဲဒီ မတော်တဆမှုကြောင့် အန်ကာရာမှာရှိတဲ့ အမေရိကန်သံရုံး ၊ အစ္စတန်ဘူလ်မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး နဲ့Adana မြို့မှာ ရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးတွေကို ပုံမှန်စစ်ဆင်ရေးများအတွက် ဒီဇင်ဘာလ ၂ဝ ရက်မှာ ပိတ်ထားမှာဖြစ်ပါတယ် ” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် အမေရိကန်သံရုံးက တူရကီနိုင်ငံသို့ရောက်ရှိနေသော အမေရိကန်နိုင်ငံသားများအနေဖြင့် တစ်ဦးချင်း လုံခြုံရေးအစီအစဉ်များ ၊ သတင်းဆက်သွယ်မှုများ ရှိကြရန် နှင့် လုံခြုံရေးအဆင့်ကို အမြင့်ဆုံးတပ်လှန့်ထားကြောင်း နှင့် တစ်ကိုယ်ရေးလုံခြုံရေး အထူးသတိပြုကြရန် ညွှန်ကြားထားကြောင်း သိရသည်။

“ရုရှားသံအမတ်ကြီး Karlov အသတ်ခံလိုက်ရခြင်းအပေါ် ကျွန်တော့်အနေနဲ့ပြင်းထန်စွာ ရှုတ်ချပါတယ်” ဟု တူရကီနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး John Bass က ဒီဇင်ဘာလ ၁၉ ရက် ညပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှားသံအမတ် လုပ်ကြံခံရသော အန်ကာရာမြို့ရှိ အနုပညာ နှင့် ယဉ်ကျေးမှုစင်တာသည် အမေရိကန်သံရုံးနှင့် မီတာ ၅ဝ ခန့်အကွာမျှတွင် တည်ရှိကြောင်းသိရသည်။(XINHUA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.