Connect with us

North America

အမေရိကန်နိုင်ငံ စစ်အခြေစိုက်စခန်းတွင် ကြောက်မက်ဖွယ် အဆိပ်သင့်မှု ဖြစ်ပြီးနောက် လူ ၁၁ ဦးဖျားနာ

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်ရှိ Myer-Henderson Hall အခြေစိုက်စခန်းတွင် မီးသတ်ကားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်ရှိ စစ်အခြေစိုက်စခန်း တစ်ခုတွင် ဖေဖော်ဝါရီလ ၂၇ ရက်က အမျိုးအမည်မသိ ပစ္စည်းများ ပါဝင်သော သံသယရှိဖွယ် စာအိတ် တစ်အိတ် ဖွင့်ဖောက်ခဲ့ပြီးနောက် လူ ၁၁ ဦး နာမကျန်းဖြစ်ခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားလိုက်သည်။

အဆိုပါ ကြောက်မက်ဖွယ် အဆိပ်သင့်မှုသည် ယခင်က Fort Myer အခြေစိုက်စခန်းဟု လူသိများသော Myer-Henderson Hall အခြေစိုက်စခန်းရှိ အုပ်ချုပ်ရေးမှူး အဆောက်အအုံ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အာလင်တန်နယ်မြေ မီးသတ်ဋ္ဌာနက တွစ်တာအကောင့်တွင် ရေးသားထားသည်။

အဆိပ်သင့်မှုကြောင်း လူ ၃ ဦးအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး လက်ရှိတွင် အခြေအနေ တည်ငြိမ်လာပြီ ဖြစ်ကြောင်း မီးသတ်ဋ္ဌာနက တွစ်တာအကောင့်တွင် နောက်ဆက်တွဲရေးသားဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.