Connect with us

Europe

လေဆာ ရောင်ခြည် လက်နက် နမူနာ ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဗြိတိန်ထုတ်ပြန်

အမေရိကန် နိုင်ငံ ၏ လေဆာ ရောင်ခြည် လက်နက်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန မှ ထိန်းချုပ် နိုင်သည့် လေဆာ ရောင်ခြည် လက်နက် နမူနာ ကို ထုတ်လုပ်သွားမည် ဖြစ်ပြီး အနာဂတ်တွင် လက်တွေ့တိုက်ပွဲ၌ အသုံးပြုနိုင်သည့် လေဆာ ရောင်ခြည် လက်နက် ကို ထုတ်လုပ် သွားရည်ရွယ်ကြောင်း ဇန်နဝါရီ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လေဆာ ရောင်ခြည် လက်နက် နမူနာ ကို တည်ဆောက်ရန် အတွက် ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ဥရောပ ဒုံးကျည် ထုတ်လုပ်ရေး လုပ်ငန်း ကုမ္ပဏီ နှင့် ပေါင် သန်း ၃၀ တန်ဖိုးရှိ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး မဟာမိတ် စာချုပ် ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာန ၏ ပြောကြားချက်အရ ယင်းစီမံကိန်း သည် အစောဆုံး အနေဖြင့် ၂၀၁၉ ခုနှစ် တွင် နမူနာ လက်နက် လုပ်ဆောင်ပုံ စနစ်ကို ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း ၊ ကာကွယ်ရေး ဝန်ကြီးဌာန နှင့် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး မဟာမိတ် အနေဖြင့် ထိုစနစ်အား မြေပြင် နှင့် ရေပြင် တည်နေရာ အကွာအဝေး အသီးသီး တွင် စမ်းသပ် သွားမည်ဖြစ်ပြီး မတူညီသော ရာသီဥတု အမျိုးမျိုးတွင် ပစ်မှတ် ခြေရာခံနိုင်မှုပိုင်း ကို စမ်းသပ်ကာ လေဆာရောင်ခြည် လက်နက် သည် တိကျ စွာ တိုက်ခိုက်နိုင်မှု စွမ်းရည် ရှိမရှိ ကို စစ်ဆေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အထက်ပါ စစ်ဆေးမှု များမှ တစ်ဆင့် အနာဂတ် တွင် ဗြိတိန် စစ်တပ် တွင် အသုံးပြုခြင်း ၊ မပြုလုပ်ခြင်း ကို ဆုံးဖြတ် သွားမည် ဖြစ်ပြီး အားလုံး အဆင်ပြေ ပါက လေဆာ ရောင်ခြည် လက်နက်ကို ၂၀၂၀ ခုနှစ်နောက်ပိုင်း တွင် စတင် အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လေဆာ ရောင်ခြည် လက်နက် သည် စွမ်းရည်မြင့်မားသည့် ရောင်ခြည်ဖြင့် ပစ်မှတ်အား တိကျစွာ ပစ်ခတ်ခြင်း နှင့် ဒုံးကျည်ကာကွယ်ရေး စသည် တို့တွင် အသုံးပြုသော လက်နက်ဖြစ်သည်။ လက်ရှိအချိန်တွင် လေဆာ ရောင်ခြည်လက်နက်သည် အချိန်ပြည့် အသုံးပြုနိုင်ခြင်းမရှိသေးဘဲ မြူဆိုင်းခြင်း ၊ နှင်းကျခြင်း နှင့် မိုးရွာခြင်း စသည့် ရာသီဥတု အခြေအနေ များပေါ်တွင် မူတည်၍ စွမ်းဆောင်ရည် အပေါ် များစွာ သက်ရောက်မှုရှိနေကြောင်းသိရသည်။

လေဆာရောင်ခြည် ၏ ထူးခြားချက်အနေဖြင့် ပစ်မှတ်အား တိကျ လျင်မြန်စွာ ပြစ်ခတ်နိုင်ပြီး ကမ္ဘာ့ စစ်အင်အားကြီး နိုင်ငံ များသည် ယင်းလက်နက် အမျိုးအစားအား လေ့လာထုတ်လုပ် လျက်ရှိသည်။ဗြိတိန် နိုင်ငံ ၏ ကာကွယ်ရေး ဘတ်ဂျက် တိုးမြင့်လာသည် နှင့် အမျှ ဗြိတိန် အစိုးရ အနေဖြင့် တန်ဖိုးငွေ ပေါင် ၁၇၈ ဘီလီယံ တန်ဖိုးရှိ လက်နက် ပစ္စည်း တပ်ဆင်ရေး ရေရှည် အစီအစဉ်ကို ရေးဆွဲထားပြီး လေဆာ ရောင်ခြည် လက်နက် သည်လည်း ထိုအစီအစဉ် အတွင်း မှ ခေတ်သစ် လက်နက် စီမံကိန်း တစ်ခုဖြစ်ကြောင်း သိရှိရသည်။ (Xinhua)