Connect with us

Europe

ပေါ်တူဂီသမ္မတဟောင်း မာရီယို စိုရက်စ် အသက် ၉၂နှစ်၌ ကွယ်လွန်

ပေါ်တူဂီနိုင်ငံ သမ္မတဟောင်း မာရီယို စိုရက်စ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လစ္စဘွန်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံသမ္မတဟောင်း မာရီယို စိုရက်စ် သည် ပေါ်တူဂီနိုင်ငံ မြို့တော် လစ္စဘွန်းမြို့ရှိ ဆေးရုံတစ်ခုတွင် နှစ်ပတ်ကြာတက်ရောက်ပြီးနောက် ဇန်နဝါရီ ၇ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း နှင့် ကွယ်လွန်ချိန်၌ အသက် ၉၂နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

စိုရက်စ် သည် ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁၃ရက်ကတည်းက အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကြောင့် လစ္စဘွန်းမြို့ရှိ Red Cross ဆေးရုံတွင် အချိန်ကြာမြင့်စွာ မေ့မြောနေခဲ့ပြီးနောက် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

အာဏာရှင် အိုလီဗီးရား ဆာလာဇာ အားဖြုတ်ချခဲ့သည့် ၁၉၇၄ခုနှစ် ဧပြီ ၂၅ရက် သွေးမြေမကျတော်လှန်ရေး ပြီးနောက် စိုရက်စ်သည် ပေါ်တူဂီနိုင်ငံ ၏ ဒီမိုကရေစီဖခင်ကြီးများအနက်တစ်ဦးအဖြစ် လူသိများ ထင်ရှားလာခဲ့သည်။

စိုရက်စ်သည် သမ္မတအဖြစ် ၁၉၈၆ မှ ၁၉၉၆ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ၁၉၇၆ မှ ၁၉၇၈ခုနှစ်အထိတစ်ကြိမ်၊ ၁၉၈၃ မှ ၁၉၈၅ခုနှစ်အထိတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

စိုရက်စ်အား ၁၉၂၄ခုနှစ် ဒီဇင်ဘာ ၇ရက်တွင် လစ္စဘွန်းမြို့၌မွေးဖွားခဲ့သည်။ စိုရက်စ်သည် လီဆန် တက္ကသိုလ်၌ ဥပဒေဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက်ပိုင်းတွင် ရှေ့နေအဖြစ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ၎င်းသည် ဝန်ကြီးချုပ် အန်တိုနီယို ကိုစတာ ဦးဆောင်သော လက်ရှိအာဏာရပါတီဖြစ်သည့် ဆိုရှယ်လစ်ပါတီ၏ ပထမဆုံးဦးဆောင်သူဖြစ်သည့်အပြင် ယင်းပါတီအားစတင် တည်ထောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ် ကိုစတာ က စိုရက်စ် ကွယ်လွန်ခြင်းအား ဝမ်းနည်းသောအားဖြင့် ဇန်နဝါရီ ၉ရက်မှ စ၍ သုံးရက်ကြာ အမျိုးသားဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ပေးခဲ့သည်။

စိုရက်၏ ဈာပနအား ဇန်နဝါရီ ၁၀ ရက်တွင် လစ္စဘွန်းမြို့၌ နိုင်ငံတော်အခမ်းအနားဖြင့် ကျင်းပသွားမည်ဖြစ်သော်လည်း ဝန်ကြီးကိုစတာသည် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်၍ ဈာပနအခမ်းအနားသို့ တက်ရောက်နိုင်လိမ့်မည် မဟုတ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.