Connect with us

International Organizations

၂၀၁၆ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ တစ်ပတ်လျှင် သတင်းသမား ၃ ဦး သေဆုံး ခဲ့ရ

တိုက်ခိုင်မှု ဖြစ်ပွားရာ ဒေသ ရှိ သတင်းသမားများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဂျီနီဗာ တွင် တည်ရှိသည့် သတင်းမီဒီယာ ဆိုင်ရာ လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်း ဖြစ်သည့် ” သတင်းမီဒီယာ သင်္ကေတ လှုပ်ရှားမှု”( Press Emblem Campaign ) မှ ဇန်နဝါရီ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ အရ ၂၀၁၆ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာ အရ သတင်းသမား ပေါင်း ၁၅၆ ဦးသေဆုံး ခဲ့ရပြီး တစ်ပတ်လျှင် ပျမ်းမျှအားဖြင့် ၃ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

အစီရင်ခံစာတွင် ၂၀၁၆ ခုနှစ် ၏ သတင်းသမား သေဆုံးခဲ့သည့် စာရင်း သည် မိမိ တို့အဖွဲ့အစည်း အနေဖြင့် ဤစာရင်း စတင်ပြုစုခဲ့သည့် ၁၀ နှစ်တာ ကာလ အတွင်း အများဆုံး ဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် သည် မီဒီယာ လုပ်ငန်း ရှိ သတင်းသမား၏ လုံခြုံရေး အတွက် အမှောင်မိုက်ဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ပါဝင်ခဲ့သည်။

ထို့ပြင် ၂၀၁၆ ခုနှစ်တွင် သေဆုံးခဲ့သည့် သတင်းသမား များသည် အများအားဖြင့် တိုက်ပွဲများဖြစ်ပွား သည့် နိုင်ငံများတွင် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၅ နှစ်တာ ကာလ အတွင်း ဆီးရီးယားတွင် သေဆုံး ခဲ့သည့် သတင်းသမား အရေအတွက်သည် အနည်းဆုံး ၁၁၀ ဦး ရှိခဲ့ပြီး ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ခဲ့သည်။

သတင်းမီဒီယာ ဆိုင်ရာ လေ့လာစောင့်ကြည့်ရေး အဖွဲ့ ကို ၂၀၀၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ အဖွဲ့အစည်း အနေဖြင့် လူထု ၊ မီဒီယာ နှင့် အခြားအဖွဲ့အစည်းများမှ တစ်ဆင့် သတင်းမီဒီယာ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ၏ အသက်လုံခြုံရေး ကို ကာကွယ်နိုင်ရန် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.