Connect with us

Africa & Middle East

အမေရိကန် နိုင်ငံသားများအား တူရကီနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ သတိပေးချက် ထုတ်ပြန်


အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အနောက်ပိုင်း အစ်ဇ်မီးယားမြို့တွင် ဇန်နဝါရီလ ၅ ရက် အစောပိုင်းက ကား တစ်စီး ဗုံးပေါက်ကွဲပြီးနောက် ယင်းနိုင်ငံအတွင်းရှိ အမေရိကန် နိုင်ငံသားများအား တူရကီနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

တူရကီရှိ အမေရိကန်နိုင်ငံသားများအနေဖြင့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာနှင့် မကြာခဏ ဖြစ်ပွားလေ့ရှိသည့် နေရာများအား ရှောင်ရှား နေထိုင်ကြရန် အန်ကာရာရှိ အမေရိကန် မစ်ရှင်အဖွဲ့က အကြံပြုထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

တူရကီနိုင်ငံ အစ်ဇ်မီးယားမြို့ရှိ ကားဗုံးပေါက်ကွဲမှုအား တွေ့ရစဉ် (ဆင်ဟွာ)

အစ်ဇ်မီးယားမြို့ရှိ စစ်ဆေးရေးရုံး ဂိတ်ဝတွင် ရဲတစ်ဦးက ဗုံးပေါက်ကွဲနေသည့် ကားအား ရပ်ခိုင်းရန် ကြိုးစားခဲ့ကြောင်းနှင့် စစ်သွေးကြွများက ထွက်ပေါက်ရှာနေစဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး Erol Ayyildiz က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ရဲ တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း၊ တိုက်ခိုက်သူ နှစ်ဦးလည်း သေဆုံးခဲ့ပြီး တစ်ဦးမှာ လွတ်မြောက်သွားခဲ့ကြောင်း၊ အရပ်သား ၄ ဦးနှင့် ရဲ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းနေရာ၌ ဖြစ်ပွားမည့် ဒုတိယမြောက် ကားဗုံးပေါက်ကွဲမှုတစ်ခုကို ထိန်းသိမ်းနိုင်ခဲ့ပြီး အလိုအလျောက် မောင်းပြန် ရိုင်ဖယ် နှစ်လက်၊ စိန်ပြောင်း တစ်လက်နှင့် လက်ပစ်ဗုံး ရှစ်လုံး သိမ်းဆည်းမိခဲ့ကြောင်း Ayyildiz က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွက် တရားမဝင်အဖွဲ့အဖြစ် ကြေညာထားသည့် ကာဒစ္စတန် အလုပ်သမား ပါတီအား စွပ်စွဲထားကြောင်း ကနဦး အစီရင်ခံစာ၌ အထက်ပါ အုပ်ချုပ်ရေးမှူးက ပြောကြားထားသည်။

ဇန်နဝါရီလ ၁ ရက်နေ့ အစောပိုင်းက အစ္စတန်ဘူလ်ရှိ နိုက်ကလပ် တစ်ခုတွင် နိုင်ငံခြားသား ၂၅ ဦး အပါအဝင် လူ ၃၉ ဦး သေဆုံးခဲ့သည့် သေနတ် ပစ်ခတ်မှုပြီးနောက် ယခုလို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နိုက်ကလပ် တိုက်ခိုက်ခံရမှုသည် အိုင်အက်စ်အဖွဲ့၏ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားခဲ့သည်။ (Xinhua)