Connect with us

North America

အမေရိကန် နိုင်ငံ က အိုစမာ ဘင်လာဒင် ၏ သားအား ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် သမား အဖြစ် သတ်မှတ်

သေဆုံး ခဲ့ပြီး ဖြစ်သည့် အိုစမာ ဘင်လာဒင်အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သည် ဇန်နဝါရီလ ၅ ရက်နေ့တွင် အိုစမာ ဘင်လာဒင်(Osama Bin Laden) ၏ သား ဟမ်ဇာ ဘင်လာဒင် (Hamza Bin Laden) အား ကမ္ဘာလုံး ဆိုင်ရာ အကြမ်းဖက် သမား အဖြစ် သတ်မှတ် ကြောင်းကြေညာ ခဲ့ပြီး ပိတ်စို့ အရေးယူမှုများပြုလုပ် ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ဟမ်ဇာ ဘင်လာဒင် အား ကမ္ဘာလုံး ဆိုင်ရာ အထူး အကြမ်းဖက် သမား အဖြစ် သတ်မှတ် ခဲ့ပြီး အမေရိကန် ဥပဒေ လွှမ်းမိုးမှု အောက်ရှိ ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ်သွားမည် ဖြစ်ကာ အမေရိကန် နိုင်ငံ သားအားလုံး အနေဖြင့် ၎င်းနှင့် ထိတွေ့ဆက်ဆံမှု ကို တားမြစ် မည် ဖြစ်ကြောင်း ပါဝင် သည်။

ထုတ်ပြန်ချက်တွင် ဟမ်ဇာ ဘင်လာဒင် သည် ၂၀၁၅ ခုနှစ် သြဂုတ်လ တွင် Al-Qaeda အကြမ်းဖက် အဖွဲ့သို့ တရားဝင် ဝင်ရောက် ခဲ့ပြီး အသံဖိုင် တစ်ခုတွင် Al-Qaeda အဖွဲ့ဝင်များအား အနောက်နိုင်ငံ များ၏ မြို့တော်များကို အကြမ်းဖက် တိုက်ခိုက်ရန် နှိုးဆော်ခဲ့ကြောင်း ၊ ၂၀၁၆ ခုနှစ် စက်တင်ဘာ လတွင်လည်း အခြား အသံဖိုင် တစ်ခုတွင် အမေရိကန် နိုင်ငံ အား ကလဲ့စားချေမည်ဟု ခြိမ်းခြောက်ခဲ့ကာ အမေရိကန် ပြည်တွင်း ၊ ပြည်ပ ရှိ အမေရိကန် နိုင်ငံ သားများကို ပစ်မှတ်ထားမည်ဟုပြောကြား ခဲ့ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က Al-Qaeda အကြမ်းဖက် အဖွဲ့ ၏ ယီမင် နိုင်ငံ အဖွဲ့ခွဲ ဖြစ်သည့် Al-Qaeda in the Arabian Peninsula(AQAP) အကြမ်းဖက် အဖွဲ့၏ အရေးကြီးခေါင်းဆောင်ဖြစ်သူ အီဗရာဟင် ဘန်နယ် ကိုလည်း အရေးယူပိတ်ဆို့မှု များပြုလုပ် သွားမည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။

၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့တွင် Al-Qaeda အကြမ်းဖက် အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အိုစမာ ဘင်လာဒင် သည် ပါကစ္စတန် နိုင်ငံ တွင် အမေရိကန် အထူးတပ်ဖွဲ့၏ တိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့သည်။ ယခုနှစ်ပိုင်းတွင် Al-Qaeda အကြမ်းဖက် အဖွဲ့ သည် IS အကြမ်းဖက် တပ်ဖွဲ့ကြောင့် နာမည်ကြီးမားခြင်း မရှိခဲ့သော်လည်း တောင်အာရှ ၊ အရှေ့အလယ်ပိုင်း နှင့် အာဖရိက တွင် လွှမ်းမိုးမှု မှာ ဆက်လက် ရှိနေဆဲ ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117