Connect with us

North America

ဖလော်ရီဒါလေဆိပ်၌ ပစ်ခတ်မှုဖြစ်ပွားရာ ၅ ဦးသေဆုံးပြီး သံသယရှိသူအားဖမ်းဆီးထား

အမေရိကန်နိုင်ငံ ဖလော်ရီဒါလေဆိပ်၌ ပြစ်ခတ်မှုဖြစ်ပွားပြီးနောက် ခရီးသည်များအား လုံခြုံရေးဝန်ထမ်းများက လေဆိပ်ပြင်ပသို့ ပို့ ဆောင်ပေးနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ Fort Lauderdale –Hollywood လေဆိပ်၌ ဇန်နဝါရီလ ၆ ရက်က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့ကဆိုသည်။

“ လူ ၅ ယောက်သေဆုံးသွားတယ်။ ဒဏ်ရာရတဲ့ ၈ ယောက်ကိုတော့ နီးစပ်ရာဆေးရုံကို ပို့ဆောင်ထားတယ်” ဟု Broward County ခရိုင်ရဲမှူးရုံး၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် သံသယရှိသူတရားခံတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တွစ်တာစာမျက်နှာပေါ်တွင် အစောပိုင်းက ရေးသားဖော်ပြထားသည်။

အဆိုပါ သံသယရှိသူမှာ New Jersey ပြည်နယ်မှ စစ်မှုထမ်းတစ်ဦးဖြစ်သူ Esteban Santiago ဖြစ်ကြောင်း သတင်းများက ရေးသားဖော်ပြကြသည်။ သံသယရှိသူတရားခံနှင့်အတူ အခြား ကြံရာပါတစ်ဦးတစ်ယောက်မျှပါဝင်နေသည်ဆိုသည့် သက်သေတစ်စုံတစ်ရာမတွေ့ရကြောင်း နှင့် ယင်းတိုက်ခိုက်မှုဖြစ်စဉ်အပေါ် ဒေသဆိုင်ရာအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း Broward County မြို့တော်ဝန် Barbara Sharief က ပြောကြားခဲ့သည်။

“ Fort Lauderdale-Hollywood နိုင်ငံတကာလေဆိပ် ရဲ့ စြင်္က ံအမှတ် ၁ဝဝ မှာ ပစ်ခတ်မှုဖြစ်ပွားနေတဲ့အကြောင်းကို ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်မှာ သတင်းပေးပို့မှု ရရှိခဲ့ပါတယ်” ဟု Broward County ရဲတပ်ဖွဲ့ကဆိုသည်။

အခင်းဖြစ်နေရာသည် လေဆိပ်စြင်္က ံအတွင်းရှိ လက်ဆွဲအိပ်များထုတ်ယူသည့် နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဓာတ်ပုံ နှင့် ဗီဒီယိုများက ဖော်ပြနေကြောင်း သိရသည်။(Xinhua)