ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ယနေ့ နံနက် ၄ နာရီ ကျော်က ညောင်ဦးခရိုင်၊ ပုဂံမြို့ သစ် လမ်းမတော် လမ်းရှိ ရွှေဗဟိုဟိုတယ်မီးလောင်မှု တွင် သေဆုံးမှု နှင့် ဒဏ်ရာရမှု မရှိကြောင်း ညောင်ဦးမြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။
ဝါရှင်တန် ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဗြိတိန်နိုင်ငံ ၊ ပြင်သစ်နိုင်ငံတို့နှင့်အတူ ဆီးရီးယားနိုင်ငံ၏ စစ်တပ်အဆောင်အယောင်များကို တိုက်ခိုက်ရန် ဧပြီ ၁၃ ရက်တွင် အမိန့်ပေးခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေက ဆီးရီးယားတွင် တရားမဝင် ဓာတုလက်နက်များအသုံးပြုမှုကို တန်ပြန်အရေးယူဆောင်ရွက်သည့်အနေဖြင့် ဆီးရီးယားအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ရန် ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့များအား အခွင့်အာဏာပေးအပ်လိုက်ကြောင့် ဧပြီ ၁၄ ရက် ကပြောကြားလိုက်သည်။ (Xinhua)
ဒမတ်စကက်စ် ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကက်စ်ကို ဒုံးကျည်များဖြင့် ဧပြီ ၁၃ ရက် ညပိုင်းတွင် စတင်တိုက်ခိုက်နေပြီး ဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင် တီဗွီ၏ ထုတ်လွှင့်ချက် နှင့် ဒမတ်စကက်စ်သို့ရောက်ရှိနေသော ဆင်ဟွာသတင်းထောက် ၏ ပေးပို့ချက်အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ၁၅ ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှုသြင်္ကန်ပွဲတော်-ရန်ကုန် ၊ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်၊ ပွဲကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးအေးမောင် နှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ရေပက်ကစားသူများ နှင့် စည်ကားလျက်ရှိကြောင်းသိရသည်။ အဆိုပါရခိုင်ရိုးရာရေလောင်းမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ သုဝဏ္ဏ...
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် လမ်းလျှောက်သြင်္ကန်ပွဲ ကို မဟာဗန္ဓုလ ပန်းခြံလမ်းတွင် ကျင်းပလျက်ရှိသည်။ လမ်းလျှောက်သြင်္ကန်ကျင်းပရာတွင် ခေတ်သုံးခေတ်ကို ကိုယ်စား ပြုကာ မြန်မာ့ရိုးရာ နန်းတွင်း ရှေးခေတ်သြင်္ကန်၊ ကျေးလက်သြင်္ကန်၊ ခေတ်ပေါ်သြင်္ကန်တို့နှင့် ကျင်းပလျက်ရှိ ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ...
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ၁၃၇၉ ခုနှစ် မဟာသြင်္ကန် ရန်ကုန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲကို သြင်္ကန်အကြိုနေ့ ဧပြီ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော် ခန်းမ ရှေ့ ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။ အခမ်းအနားတွင် ဦးဖြိုးမင်းသိန်းက “ရန်ကုန်မြို့တော်ကြီးမှာနေထိုင်တဲ့...
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်အတွင်းရှိ သထုံ – ဘားအံ – ကော့ကရိတ် – မြဝတီ လမ်းပေါ်ရှိ ဂျိုင်း (ကော့ကရိတ်) ကြိုးတံတား၏ သက်တမ်းနှင့် ခံနိုင်ဝန် အင်အား လျော့နည်းလာမှုကြောင့် (၁၉-၄-၂၀၁၈)ရက်နေ့မှ စတင်၍ အဆိုပါ ကြိုးတံတားပေါ်သို့ ၁၃တန်(ယာဉ်+ကုန်)နှင့်အောက်...
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) အနောက်ဘက်မှ လာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော် မှလာသော လေနွေးများစုဆုံမှုကြောင့် (၁၆.၄.၂၀၁၈) ရက်နေ့မှ (၂၀.၄.၂၀၁၈)ရက်နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးရွာသွန်းနိုင် ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထူးခြားမိုးဝေသအခြေအနေသတင်းအား ယနေ့ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) သြင်္ကန်ပွဲတော်ကာလတွင် အေးချမ်းပျော်ရွင်စွာရေးကစားနိုင်ရေးအတွက် ပြည်သူများမှ အကူအညီ တောင်းခံလာပါက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ချက်ခြင်းကူညီဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံလိုပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး 199 Call Center ရှိ ဖုန်းအမှတ် 199, 012323199 များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ...