ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ၁၅ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှုသြင်္ကန်ပွဲတော်-ရန်ကုန် ၊ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်၊ ပွဲကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးအေးမောင် နှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ရေပက်ကစားသူများ နှင့် စည်ကားလျက်ရှိကြောင်းသိရသည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်သြင်္ကန် စာတန်းထိုးထားသည့် အဝင်မုဒ်ဦး တွင် ရေမှုန်ရေမွှား များကျလျရှိပြီး နံနက်ခင်း နေထွက် စအချိန် တွင်ပင်လမ်းလျှောက်၍ ရေပက်ခံသူများ ဖြင့် အသက်ဝင်လျက်ရှိသည်။
မန္တလေး၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ယခု ကျရောက်သော မြန်မာ့ရိုးရာနှစ်သစ်ကူး အချိန်အခါကာလသည် နှစ်သစ်အတွက် သမ္မတအသစ်၊ အားသစ် အင်သစ် ရည်မှန်းချက် အသစ်များဖြင့် နိုင်ငံသား အားလုံးက စည်းလုံး ညီညွတ်စွာ ဆောင် ရွက် ကြမည့် အချိန်အခါ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့...
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ၁၃၇၉ ခုနှစ် မဟာသြင်္ကန် ရန်ကုန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲကို သြင်္ကန်အကြိုနေ့ ဧပြီ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော် ခန်းမ ရှေ့ ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။
ရီယာ့ဒ်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ဆော်ဒီနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ဂျာဇန်မြို့ ပေါ်သို့ ဧပြီ ၁၂ရက်ညနေပိုင်းတွင် ဟူသီသူပုန်များ ပစ်ခတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်အား ဆော်ဒီလေတပ် တပ်ဖွဲ့ဝင်များက ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း Al Arabiya ပြည်တွင်း သတင်း၌ဖော်ပြခဲ့သည်။
ဗလာဒီဗော့စတော့ ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ လေကြောင်း သွားလာမှု စစ်ဆေးရေး ဌာန က အမေရိကန် နိုင်ငံ ၏ ကင်းထောက်လေယာဉ် ၇ စင်း သည် ရုရှား နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ အတွင်းရှိ...
ဟောင်ကောင် ၊ မနီလာ ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့အလည်အပတ်ရောက်ရှိနေသော ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက မနီလာမြို့၌ ၂ဝ၁ဝ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် ဟောင်ကောင်ဒေသမှ ခရီးသွားများ ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး အသတ်ခံရသော ကိစ္စအပေါ် ဧပြီ ၁၂ ရက်တွင် တောင်းပန်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင်များအား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမတွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။