Connect with us

Sport

မြန်မာ့ရွက်လှေအားကစားအဖွဲ့ ထိုင်းနိုင်ငံတွင် ကျင်းပမည့် အသက်၁၅ နှစ်အောက် ရွက်လှေပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ကျောင်းပေါင်းစုံ တံခွန်စိုက်ဖလား ရွက်လှေပြိုင်ပွဲ အားတွေ့ရစဉ် (ဓာတ်ပုံ-အား/ကာ)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ဇူလိုင်လအတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် အသက် ၁၅ နှစ်အောက် ရွက်လှေပြိုင်ပွဲတွင် မြန်မာ့ရွက်လှေအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲသည် နိုင်ငံတကာအဆင့်ပြိုင်ပွဲ အမျိုးအစားတစ်ခုဖြစ်ပြီး မြန်မာ့လှေလှော် အားကစားအဖွဲ့မှ လက်ရွေးစင်ပထမ အဆင့် ရှိကစားသမားများကို စေလွှတ်ယှဉ်ပြိုင် စေမည်ဖြစ်ပြီး အတွေ့အကြုံကောင်းများရရှိ နိုင်ရန်ရည်ရွယ်ကြောင်း အစိုးရသတင်းဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။

”နောက်လထဲမှာ ကမ္ဘာ့လူငယ်ရွက်လှေ ၁၅ နှစ်အောက်ပြိုင်ပွဲက ထိုင်းနိုင်ငံမှာ လုပ်ဖို့ရှိတယ်။ အဲဒီကို ပထမ အဆင့် လက်ရွေးစင် တွေလွှတ်ဖို့ စီစဉ်ထားပါတယ်။ ရွက်လှေပြိုင်ပွဲမှာ အာရှအဆင့်၊ ဥရောပအဆင့်၊ ကမ္ဘာ့ အဆင့်ဆိုပြီး အဆင့်ခွဲတာတွေရှိတယ်။ ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးတစ်ခုလို့ မြင်တယ်။ အရင်ကဆိုရင် အဝေးကြီး သွားပြီးပြိုင်မှ အတွေ့အကြုံ ရမှာ၊ အခုဆိုရင် အိမ်နီးချင်း နိုင်ငံတွေနဲ့ ပြိုင်ရုံနဲ့ ရနေပြီ” ဟု မြန်မာ့ရွက်လှေ အားကစားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117