Connect with us

Sport

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ၂၀၁၇ ရွှေခါးပတ်ချန်ပီယံလုပွဲ ဇူလိုင်လတွင် ကျင်းပမည်

၂ဝ၁၇ ရွှေခါးပတ် ချန်ပီယံလုပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ၂ဝ၁၇ ရွှေခါးပတ် ချန်ပီယံလုပွဲတွင် နိုင်ငံတကာတွဲဆိုင်းအဖြစ် မြန်မာ့လက်ဝှေ့ကျော်ဖျံသွေးနှင့် မွေထိုင်းလက်ဝှေ့ ကျော် ထိုင်းနိုင်ငံသား အီကျူစံတို့ပါဝင်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ သိရသည်။

၂ဝ၁၇ ရွှေခါးပတ် ချန်ပီယံလုပွဲကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် သိမ်ဖြူအားကစားကွင်း ၌ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ကီလိုတန်းများအဖြစ် ၇၁ ကီလိုတန်း၊ ၅၁ ကီလိုတန်း၊ ၅၄ ကီလိုတန်း၊ ၅၇ ကီလိုတန်း၊ ၆ဝ ကီလိုတန်း၊ ၆၃.၅ ကီလိုတန်းနှင့် ၆၇ ကီလိုတန်းဟူ၍ ကီလိုတန်း ခုနစ်တန်းကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲတွင် လက်ဝှေ့သမား ၅ဝ ကျော်အထိ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ရှမ်းကို၊ စိုးထက်ဦး၊ သွေးသစ် အောင်၊ ထက်အောင်ဦး နှင့်ကြယ်စင်ဖြိုး စသည့် ရိုးရာလက်ဝှေ့ သမားများလည်း ရွှေခါးပတ် ချန်ပီယံ လုပွဲတွင် သက်ဆိုင်ရာကီလိုတန်းများ၌ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။

ပြိုင်ပွဲတွင် နိုင်ငံတကာတွဲဆိုင်း နှစ်ဆိုင်း ထည့်သွင်းထားကာ ယင်းတွဲဆိုင်းတွင် ဖျံသွေး (ရွှေမိုးထိ/မြန်မာ)နှင့် အီကျူစံ (ထိုင်း) တို့ယှဉ်ပြိုင် ကြမည်ဖြစ်သည့် အပြင် သပြေညို (Adventure) နှင့် ခနဲကို (ဂျပန်) တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.