Connect with us

Education & Health

ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၌ ဖန်ပြွန် သန္ဓေသား မွေးမြူပေး နိုင်ရေး တိုးမြှင့်လုပ်ဆောင်သွားမည်

တိုးချဲ့ ဖွင့်လှစ်မည့်ငါးထပ်ဆောင်သစ်အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ အလုံမြို့နယ် ဗဟို လမ်းရှိ ခုတင် ၈ဝဝ ဆံ့ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၌ ခေတ်မီခွဲစိတ်ခန်း ငါးခန်း ပါဝင်သော ငါးထပ် ဆောင်သစ်ကြီးကို မကြာမီတိုးချဲ့ ဖွင့် လှစ်သွားမည်ဖြစ် ပြီး ယင်းတိုးချဲ့ မှုနှင့်အတူ ဖန်ပြွန် သန္ဓေသား မွေးမြူပေး နိုင်ရေးကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗဟို အမျိုးသမီး ဆေးရုံကြီး(ရန်ကုန်)မှ သိရသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)သည် ရှေးယခင် နှစ်များစွာ ကတည်း ကပင် မိခင်နှင့် ကလေး သေပျောက်မှုနှုန်း ကျဆင်းရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ ပြီး ယခုလတ်တလောအနေဖြင့် တိုးမြှင့်စောင့်ရှောက်မှုပေးနေ သောလုပ်ငန်းဆောင်ရွက်မှုများမှာ ကိုယ် ဝန်ဆောင် စောင့် ရှောက်မှုလုပ်ငန်း၊ မီးယပ်ရောဂါဆိုင်ရာ ဆောင်ရွက်ပေး မှု၊ မွေးကင်းစ ကလေး စောင့်ရှောက်မှုလုပ်ငန်း၊ မီးယပ်ကင်ဆာ လုပ်ငန်း ကို စောစီးစွာသိနိုင်သော စောင့်ရှောက်မှုလုပ်ငန်း၊ နာမကျန်းဖြစ်သော ကလေး များ အား စောင့်ရှောက်မှုပေး သောလုပ်ငန်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းစသည့် ရောက်ဂါ စောင့်ရှောက်မှုလုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်ပေး လျက်ရှိ သည်။

ယခုအခါ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ သားသမီးမရသေးသည့် စုံတွဲများ ကလေးရရှိအောင် ဆောင်ရွက် ပေးသောစင်တာကိုလည်း ၂ဝ၁၆ ခုနှစ်က စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး များမကြာမီတွင် ယင်းမှတစ်ဆင့် တိုးမြှင့်ကာ ဖန်ပြွန် သန္ဓေသား ဆောင်ရွက်ပေးမှုလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည်။ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ၌ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း တက်ရောက်ကုသမှုခံယူ သော လူနာဦးရေမှာ နှစ်ဆနီးပါး ပိုမိုများပြားလာခဲ့သဖြင့် ယခု ငါးထပ်ဆောင်ကြီး ဖွင့်လှစ်ပြီးလျှင် လူနာများ ပိုမို အဆင်ပြေစွာ ကုသမှု ခံယူနိုင်မည်ဖြစ်ပြီး အဆင့်မြင့်ခွဲစိတ်ခန်းများလည်း ပါရှိသောကြောင့် ယခုထက် ပိုမိုကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဗဟိုအမျိုးသမီးဆေးရုံကြီးရန်ကုန်တွင် အသည်း ရောင်အသားဝါ ဘီပိုး၊ စီပိုး၊HIV စမ်းသပ်သောလုပ်ငန်းများ ကို အခမဲ့ဆောင်ရွက်ပေးကာ ကိုယ်ဝန်ဆောင်မိခင်မှသန္ဓေသား သို့ HIV ပိုးကူးစက်ခြင်းမှ ကာ ကွယ်သော လုပ်ငန်း ကိုလည်းAIDS ပရောဂျက်နှင့် ပူးပေါင်းဆောင် ရွက်နေခြင်းကြောင့် အခမဲ့စောင့်ရှောက်မှုများပေးကာ တချို့သော ဓာတ်ခွဲ စမ်းသပ် မှု ကိုသာ အပြင်ဆေးခန်းများ၌ ဆောင်ရွက်ရကြောင်းနှင့် အရေး ပေါ်နှင့် ပတ်သက်သော လူနာများအား မည်သူမဆိုအခမဲ့ ဆောင်ရွက်ပေး လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.