မြန်မာ-中文
ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းဖြစ်ရာ မိမိတို့အနေဖြင့် ၎င်း၏အခြေအနေအား အစဉ်အမြဲ ဂရုစိုက်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ပေကျင်း၊ ဧပြီ ၃၀ ရက်
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်သည် ဧပြီ ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့သည်။
AFP သတင်းထောက်က မြန်မာနိုင်ငံ သမ္မတ အသစ် ဦးမင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ ဧပြီ ၂၆ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဆွေးနွေးခဲ့ပါသလောဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့မေးမြန်းသည့်အပေါ် လျင်ကျန့်က မိမိတို့အနေဖြင့် သတင်းထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းဖြစ်ရာ ၎င်း၏အခြေအနေအား မိမိတို့အနေဖြင့် အစဉ်အမြဲ ဂရုစိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံက မိမိနိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းမှုကို ထောက်ခံအားပေးသလို မြန်မာနိုင်ငံ ဘက်ပေါင်းစုံက ပို၍ကျယ်ပြန့်သော၊ ပို၍ ခိုင်မာသော၊ ပို၍ ရေရှည်ဖြစ်သော ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ခြင်းကို ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။
———————————————–
(Chinese Version)
外交部:昂山素季女士是中国老朋友,我们一直关注她的情况
4月30日,外交部发言人林剑主持例行记者会。
法新社记者提问,上周六,缅甸新任总统敏昂莱会见中共中央政治局委员、外交部长王毅。双方是否讨论了昂山素季?
林剑表示,我们已经发布了消息。昂山素季女士是中国的老朋友,我们一直关心她的情况。作为友好邻邦,中方支持缅甸走符合本国国情的发展道路,支持缅甸各方实现更广泛、更牢固、更持久的和平和解。
