Connect with us

Sport

မြန်မာအမျိုးသမီး ဖူဆယ်အသင်း ခြေစမ်းပွဲနှစ်ပွဲတွင် တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ် ရရှိထား

မြန်မာအမျိုးသမီး ဖူဆယ်အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အတွက် ထိုင်းနိုင်ငံတွင် သွားရောက်လေ့ ကျင့်လျက် ရှိသော မြန်မာလက်ရွေးစင် အမျိုးသမီး ဖူဆယ် အသင်းသည် ဇူလိုင်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် KAasem Bundit University အသင်းနှင့် ခြေစမ်းပွဲ ကစားခဲ့ရာ တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ကို ရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကစားခဲ့သော ပွဲစဉ်တွင် မြန်မာအမျိုးသမီး ဖူဆယ် အသင်းအနေဖြင့် ပြိုင်ဘက်အသင်းကို နောက်ဆုံး မိနစ်တွင် ပေးခဲ့ရသော ချေပဂိုးကြောင့် တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့သည်။ ဇူလိုင် လ ၂၀ ရက်နေ့တွင် ကစားခဲ့သော ပွဲစဉ်တွင်မူ ခြေစွမ်း အသာဖြင့် ကစားနိုင်ခဲ့ပြီး ၇-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ဖူဆယ် အသင်းသည် ဇွန်လ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် လေ့ကျင့်မှု များပြုလုပ်သွားမည် ဖြစ်ပြီး ဇူလိုင်လ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် ထိုင်းအသင်းနှင့် လည်းကောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် အီရန် အသင်းနှင့်လည်းကောင်း ထပ်မံ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117