Connect with us

Environment, Disasters & Accidents

တောင်ကျရေစီးကျမှုကြောင့် ပိတ်ဆို့နေသော ရွှေလီရေအား လျှပ်စစ်စီမံကိန်းလမ်းမကြီး ပုံမှန်အတိုင်းသွားလာနိုင်

တောင်ကျရေစီးကျမှုကြောင့် ပိတ်ဆို့နေသော လမ်းအားရှင်းလင်းနေစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တောင်ကျရေစီးကျမှုကြောင့် ပိတ်ဆို့နေသော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-မန်တပ် ရွှေလီရေအား လျှပ်စစ်စီမံကိန်းလမ်းမကြီးသည် ယခု မော်တော်ယာဉ်များပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လမ်းမကြီးသည် သြဂုတ် ၁၅ ရက်နေ့ နံနက် ၇နာရီ ၄၅ မိနစ်တွင် လမ်း၏ညာဘက်ရှိတောင်ကုန်းပေါ်မှ တောင်ကျရေများနှင့်အတူရွှံ့နွံများစီးကျပြီး လမ်းပိတ်ဆို့မှုများဖြစ်ပွားနေကြောင်း၊ ပိတ်ဆို့မှုဖြစ်ပွားသည့်နေရာ၌ အရှေ့မြောက်တိုင်း

စစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မှ တပ်မတော်သားများက ရွှံ့နွံများဖယ်ရှားရှင်းလင်းခြင်းများပြုခဲ့သဖြင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.