Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအမတ် နှင့် အင်ဒိုနီးရှားနိုင်ငံဝန်ကြီးများ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြု လွှတ်တော်အမတ် ကျန်းတယ်ကျန်း ၊ အင်ဒိုနီးရှားနိုင်ငံ ဥပဒေပြုရေးရာ နှင့် လုံခြုံရေးရာဝန်ကြီးဌာန ဝန်ကြီး Wiranto နှင့် အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး Darmin Nasution တို့ တွေ့ ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြု လွှတ်တော်အမတ် ကျန်းတယ်ကျန်း သည် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေး ၊ ဥပဒေပြုရေး နှင့် လုံခြုံရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဝိရန်တို (Wiranto) နှင့် အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးဒါမင်းနက်စုရှင်း(Darmin Nasution) တို့အား သြဂုတ်လ ၂၂ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝိရန်တို နှင့် ဒါမင်းတို့နှစ်ဦးသည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ သြဂုတ်လ ၂၁ ရက် နှင့် ၂၂ ရက်များတွင် ပြုလုပ်သည့် ဒုတိယဝန်ကြီးချုပ်အဆင့်ဆွေးနွေးပွဲ နှင့် တတိယအကြိမ်မြောက် အဆင့်မြင့်ကိုယ်စားလှယ်အဆင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြုတက်ရောက်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ ဖွံ့ဖြိုးမှု မဟာဗျူဟာမြောက်ဆက်ဆံရေး နှင့် နက်ရှိုင်းသောလက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်ရေး ၊ အဆင့်မြင့်ကိုယ်စားလှယ်အဆင့်ပြန်အလှန်ဖလှယ်ရေး ၊ နှစ်ဘက်ခေါင်းဆောင်များသဘောတူညီချက်များကို အကောင်အထည်ဖော်ရေးများကို အတူတကွလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းတယ်ကျန်းက ပြောကြားခဲ့သည်။

နှစ်ဘက်လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသော ဥပဒေ နှင့် နိုင်ငံရေးရပ်ဝန်းတစ်ခုကို ဖန်တီးသွားရန် တရုတ်အမျိုးသားကွန်ဂရက်အနေဖြင့် နှစ်နိုင်ငံ၏ ဥပဒေဆိုင်ရာအဖွဲ့အစည်းများအပြန်အလှန်သွားလာဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လိုကြောင်း ၎င်းက ဆိုသည်။

ဝိရန်တို နှင့် ဒါမင်းတို့နှစ်ဦးကပြောကြားရာတွင် ဒေသတွင်းရေးရာ နှင့် နိုင်ငံတကာရေးရာများတွင် တရုတ်နိုင်ငံ၏သြဇာလွှမ်းမိုးမှုမှာ အလွန်အရေးပါကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံက တရုတ်နိုင်ငံနှင့် နိုင်ငံရေး လံုံခြုံရေး နှင့် စီးပွားရေးနယ်ပယ်များတွင် နက်ရှိုုင်းသော မိတ်ဖက် အဖြစ် မျှော်လင့်ပါကြောင်း ဝန်ကြီးနှစ်ဦးက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.