Connect with us

Politics, Law & Military

တရုတ်နှင့် ထိုင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု သမ္မတ ရှီ ပြောကြား


ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအား စက်တင်ဘာလ ၄ ရက်က လက်ခံ တွေ့ဆုံခဲ့ပြီး နယ်ပယ်များစွာ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ပြောကြားခဲ့ကြောင်း သိရသည်။

ပရာယွတ်သည် တရုတ်နိုင်ငံ အရှေ့တောင်ဘက် ရှမိန် ဆိပ်ကမ်းမြို့တွင် ကျင်းပသော ပေါ်ထွန်းစဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဆွေးနွေးပွဲသို့ စက်တင်ဘာလ ၅ ရက်တွင် တက်ရောက်မည် ဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ စက်တင်ဘာလ ၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ထိုင်းနိုင်ငံ၏ တက်ကြွစွာ ပါဝင်မှုအား တရုတ်က ကျေးဇူးတင်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု၊ ရထားလုပ်ငန်း၊ အင်တာနက် ဘဏ္ဍာရေး၊ ဒီဂျစ်တယ် စီးပွားရေးနှင့် e-commerce စသည့် ကဏ္ဍများတွင် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ကြရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.