Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထိုင်းနိုင်ငံ၌ ဆေးကုသမှု ခံယူပြီးနောက် ပြန်လည် ရောက်ရှိ

နိုင်ငံတော် သမ္မတ ဆေးကုသမှု ခံယူပြီး ပြန်လည် ရောက်ရှိလာစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆေးကုသမှု ခံယူပြီးနောက် ယနေ့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်း အချိန်တွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတသည် ဆေးစစ်ခံယူမှုများ ပြုလုပ်ခဲ့ရာ၌ အူလမ်းကြောင်းတွင် (Colonic Polyp) တွေ့ရှိ၍ စက်တင်ဘာ ၁၀ ရက်တွင် လိုအပ်သည့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခဲ့ရာ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီး ဖြစ်သည်။နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စက်တင်ဘာ ၈ ရက်နေ့တွင် လိုအပ်သည့် ကျန်းမာရေးဆေးစစ်မှုများ ခံယူရန် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117