Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ ၁၁ လအတွင်း ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့နိုင်

မြန်မာနိုင်ငံထွက်ပဲများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမ ၁၁ လအတွင်း ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ယနေ့ (မတ် ၂၃ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံက ယမန်နှစ် ဧပြီလ ၁ ရက်မှ ယခုနှစ် မတ်လ ၁၅ ရက်အထိ ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၄၅ သန်းကျော် တင်ပို့ခဲ့ပြီး နယ်စပ်မှ တန်ချိန် ၁၄၉,၀၁၈ ကျော် တင်ပို့ခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါကာလအတွင်း ပဲမျိုးစုံတင်ပို့မှုဝင်ငွေစာရင်းတွင် မတ်ပဲက အမေရိကန်ဒေါ်လာ ၆၇၅ သန်းကျော်ဖြင့် ထိပ်ဆုံး၌ ရပ်တည်လျက်ရှိပြီးယင်းနောက်တွင် ပဲတီစိမ်းက ဒေါ်လာ ၃၀၁ သန်းကျော်၊ ပဲစဉ်းငုံက ဒေါ်လာသန်း ၁၈၀ ကျော်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပဲနှင့် ပဲမျိုးစုံသည် မြန်မာနိုင်ငံတွင် ဆန်စပါးပြီးလျှင် ဒုတိယ အများဆုံး စိုက်ပျိုးသည့် သီးနှံဖြစ်ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း စိုက်ပျိုးထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။
မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများသို့ ပဲနှင့် ပဲမျိုးစုံ တင်ပို့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117