China
ဆင်ဟွာသတင်းဌာနနှင့် TASS သတင်းဌာန ချစ်ကြည်ရေးသစ်ပင် စိုက်ပျိုးခြင်းအခမ်းအနား တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပ
ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနနှင့် ရုရှားနိုင်ငံ TASS သတင်းဌာနတို့သည် မေ ၁၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဆင်ဟွာဥယျာဉ်၌ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အနေဖြင့် ချစ်ကြည်ရေးသစ်ပင် စိုက်ပျိုးခြင်းအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက အမှာစကားပြောကြားရာ၌ နှစ်ပေါင်း ၇၀ ကြာ လက်တွဲရှေ့သို့ချီတက်ပြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွားခဲ့ရာ ဆင်ဟွာသတင်းဌာနနှင့် TASS သတင်းဌာနတို့သည် ခေတ်ကာလတာဝန်ကို အစဉ်အမြဲ ပခုံးထက်တွင် ထမ်းရွက်ကာ သမိုင်းကာလ အပြောင်းအလဲများကို မှတ်တမ်းတင်ခဲ့ကြကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု အတူတကွမြှင့်တင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု အတူတကွဖော်ဆောင်ခြင်းတို့တွင် အပြန်အလှန် အောင်မြင်အောင် အားဖြည့်ခဲ့ကြကြောင်း၊ နှစ်ဖက်အနေဖြင့် အစဉ်အလာချစ်ကြည်ရေး ရှေ့ဆက်နိုင်ရန်၊ အပြန်အလှန်လေ့လာသင်ယူမှု နက်ရှိုင်းစေရန်၊ တရုတ်-ရုရှား မီဒီယာပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်စွာရှေ့ဆက်နိုင်မှုကို တွန်းအားပေးရန်၊ ပိုမိုကြွယ်ဝသော ရလဒ်များ ရရှိစေရန် ဆောင်ရွက်ရေး မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
TASS သတင်းဌာန အကြီးအကဲ Andrey Kondrashov က အမှာစကားပြောကြားရာ၌ ရုရှား-တရုတ် သတင်းဌာနကြီးနှစ်ခုသည် နက်ရှိုင်းသော အပြန်အလှန်ယုံကြည်မှုရှိကြပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန်လေးစားမှု အခြေခံပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ လှပသော တတိုင်းမွှေးပင် နှစ်ပင်သည် နှစ်ဖက်၏ နှစ်ပေါင်း ၇၀ ကြာ ချစ်ကြည်ရင်းနှီးမှုကို သက်ဝင်လှုပ်ရှားစွာ ထင်ဟပ်ပြသမှုပင်ဖြစ်ကြောင်း၊ TASS သတင်းဌာနနှင့် ဆင်ဟွာသတင်းဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာပါစေဟု ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားတွင် နှစ်ဖက်က သတင်းဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခဲ့ပြီး ချစ်ကြည်ရေးသစ်ပင်အတွက် ရေသွန်းလောင်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
新华社—塔斯社友谊树栽种仪式在京举行
新华社北京5月18日电(记者马卓言)中国新华通讯社同俄罗斯塔斯社18日在北京新华园举行友谊树栽种仪式,共同纪念双方建立合作关系70周年。
新华社社长傅华在致辞中表示,七十载携手同行、风雨同舟,新华社和塔斯社始终肩负时代使命、记录历史风云,在共促合作、共谋发展中彼此成就。期待双方赓续传统友谊,深化互学互鉴,推动中俄媒体合作行稳致远,结出更多硕果。
塔斯社社长孔德拉绍夫在致辞中表示,俄中两大通讯社有着深厚互信,彼此合作建立在相互尊重的基础上。两棵美丽的玉兰树是双方70年友谊的生动写照,祝愿塔斯社和新华社的合作越来越好。
仪式现场,双方共同为两社建立合作关系70周年纪念碑揭牌,为友谊树浇水。(完)
图说:5月18日,中国新华通讯社同俄罗斯塔斯社在北京新华园举行友谊树栽种仪式,共同纪念双方建立合作关系70周年。这是新华社社长傅华和塔斯社社长孔德拉绍夫出席友谊树栽种仪式。 新华社记者 丁海涛 摄
