Connect with us

Politics, Law & Military

တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသား ညီလာခံအား ဗီယက်နမ်၊ လာအို၊ ကျူးဘား၊ မြောက်ကိုရီးယားမှ အနိုင်ရ ပါတီများက ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြား

တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံ ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံ ကျင်းပခြင်းအပေါ် ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကျူးဘားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံ အသီးသီးရှိ အနိုင်ရပါတီများက ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုက်သည်။

ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ (CPV) မှ ပေးပို့သော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ၌ CPV နှင့် ဗီယက်နမ် ပြည်သူများ ကိုယ်စား ယခုလို အရေးကြီးသော အချိန်အခါသမယတွင် တရုတ်နိုင်ငံ ခေါင်းဆောင်များထံ အနွေးထွေးဆုံးသော ဂုဏ်ယူဝမ်းမြောက်မှုများအား ပေးပို့လိုက်ပါကြောင်း၊ ၁၉ ကြိမ်မြောက် CPC အမျိုးသား ညီလာခံ၌ အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း ဖော်ပြထားသည်။

လာအို ပြည်သူ့ လွတ်မြောက်ရေးပါတီ (LPRP) ဗဟို ကော်မတီကလည်း တရုတ် ကွန်မြူနစ်ပါတီ (CPC) စတင် တည်ထောင်ခဲ့သော ၁၉၂၁ ခုနှစ်ကစ၍ CPC အနေဖြင့် ခိုင်မာသော ခေါင်းဆောင်မှု၊ ရှေ့ဆောင် ဆန်းသစ် တီထွင်မှု၊နှင့် တရုတ်နိုင်ငံ သမိုင်းကြောင်း၌ အရေးကြီးသော အလှည့်အပြောင်းများအား ကျော်ဖြတ်နိုင်ခြင်းအား ပြသခဲ့ကြောင်း မှတ်ချက်ပြု ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ၁၈ ကြိမ်မြောက် CPC အမျိုးသား ညီလာခံပြီးနောက်ပိုင်း ငါးနှစ်တာကာလအတွင်း သမ္မတ ရှီကျင့်ဖိန်အား ဗဟိုပြုသည့် CPC ဦးဆောင်မှုအောက်တွင် ပြည်သူများအနေဖြင့် ကာကွယ်ရေး၊ တည်ဆောက်ရေးနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးများ၌ ကြီးမား ကျယ်ပြန့်သော အောင်မြင်မှုများ ရရှိပြီ ဖြစ်ကြောင်း လာအို LPRP က ပေးပို့သော သဝဏ်လွှာ၌ ပါရှိသည်။

ကျူးဘား ကွန်မြူနစ်ပါတီ ဗဟို ကော်မတီက ပေးပို့သည့် သဝဏ်လွှာတွင်လည်း CPC အနေဖြင့် ပါတီ တည်ထောင်ခြင်း၊ သိပ္ပံပညာ တိုးတက်ခြင်း၊ လူမှုရေး လိုက်လျောညီထွေဖြစ်ရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် တရုတ် သွင်ပြင်လက္ခဏာနှင့်အတူ ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ လုပ်ဆောင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်လိုကြောင်း မှတ်ချက်ပြု ရေးသားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ (WPK) ကလည်း ၁၉ ကြိမ်မြောက် CPC အမျိုးသား ညီလာခံ အောင်မြင်ပါစေကြောင်းနှင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.