Connect with us

Videos

နွမ်းပါးသော ပြည်သူများကို ကူညီသည့် အနေဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဆံပင်ညှပ်ဆရာ လူငယ်များက အခမဲ့ ဆံပင်ညှပ်ပေး

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် ဆင်းရဲနွမ်းပါးသူများကို ကူညီကူညီသည့် အနေဖြင့် Myanmar Barber Academy မှ ဆံပင်ညှပ်ဆရာ လူငယ်များသည် အခမဲ့ ဆံပင်ညှပ်ပေးလျက်ရှိသည်။ “လူတိုင်းအတွက် အခမဲ့ဆံပင်ညှပ်ခြင်း ကမ်ပိန်းကို တစ်နှစ်ကျော် လုပ်ဆောင်လာခဲ့တာဖြစ်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု Myanmar Barber Academy မှ ဆံပင်ညှပ်ဆရာ James က ဆင်ဟွာသို့ ပြောကြားသည်။ စနေနှင့်တနင်္ဂနွေနေ့တိုင်းတွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဆံပင်ညှပ်ဆရာ ၁၅ ဦးမှ ၁၈ ဦးဖြင့် ဆံပင်ညှပ်ခြင်း ဝန်ဆောင်မှုပေးနေခြင်း ဖြစ်သည်။ မိုးတွင်းမှာ တစ်ရက်လျှင် အနည်းဆုံး လူဦးရေ ၃၀ မှ ၄၀ ခန့် ဆံပင်လာညှပ်ကြပြီး ဆောင်းရာသီနှင့် နွေရာသီများတွင် တစ်ရက်လျှင် အနည်းဆုံး လူ ၅၀ ဦး လာကြသည်ဟု ဆံပင်ညှပ်ဆရာ James က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117