Connect with us

Business

မြန်မာနိုင်ငံက အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် လျှပ်စစ်ဘတ်စ်ကားဝန်ဆောင်မှုစတင်

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် လျှပ်စစ်ကားတစ်စီးကို ၂၀၂၄ ခုနှစ် မတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ရန်ကုန်မြို့နှင့် နေပြည်တော်ကြား အများပြည်သူသယ်ယူပို့‌ဆောင်ရေးအတွက် ပထမဆုံးလျှပ်စစ်ဘတ်စ်ကားဝန်ဆောင်မှုကို မကြာသေးမီက စတင်လိုက်ကြောင်း သိရသည်။
အောင်ကြီးကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးအောင်သူက “ကျွန်တော်တို့က လျှပ်စစ်ဘတ်စ်ကားတွေသွင်းပေးတာပါ။ မန္တလာမင်းဘတ်ကားလိုင်းက ပြေးဆွဲတာပေါ့။ အခုက ကျွန်တော်တို့ လျှပ်စစ်ဘတ်စ်ကားနှစ်စီးသွင်းထားပါတယ်။ နောက်ထပ်နှစ်စီးက ဒီဇင်ဘာလောက်ရောက်လာမှာပါ။ ကားတွေကတော့ တရုတ်နိုင်ငံက ကားတွေပါ” ဟု ဆင်ဟွာကို ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
လျှပ်စစ်ကားလုပ်ငန်းတွင် တရုတ်နိုင်ငံက ဦးဆောင်နေခြင်းကြောင့် တရုတ်နိုင်ငံမှ လျှပ်စစ်ဘတ်စ်ကားများကို တင်သွင်းရန်ရွေးချယ်ရခြင်းဖြစ်ကြောင်း ဦးအောင်သူက ဆိုသည်။
ထို့ပြင် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် လျှပ်စစ်ဘတ်စ်ကားတွေ တင်သွင်းခွင့်ပြုထားကြောင်း စက်မှုလုပ်ငန်းဝန်ကြီးဌာန၊ လက်ထောက်အထွေအထွေမန်နေဂျာ ဒေါ်မြတ်မွန်သိန်းက အတည်ပြုပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် အဓိကမြို့ကြီးများတွင် လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း စက်မှုလုပ်ငန်းဝန်ကြီးဌာနအရ သိရသည်။ (Xinhua)
……………………………………..
(English Version)
Myanmar introduces electric bus service for public transport
YANGON, Aug. 5 (Xinhua) — Myanmar has recently introduced its first electric bus service for public transportation between Yangon and Nay Pyi Taw, according to a local express bus company on Monday.
“We imported electric buses, and Mandalar Minn bus line is now operating them. We already imported two electric buses. We planned to bring in two more electric buses in December. They are from China,” U Aung Thu, chairman of the Aung Gyi Group of Companies, told Xinhua on Monday.
“We chose to import the electric buses from China because China is leading the electric vehicle industry,” U Aung Thu said.
Daw Myat Mon Thein, a deputy general manager from the Ministry of Industry, also confirmed on Monday, “We have already given permission to import electric buses for public transport.”
According to the Ministry of Industry, Myanmar has planned to introduce electric buses in major cities, including Yangon, Mandalay and Nay Pyi Taw.
Photo: An electric vehicle is seen in Yangon, Myanmar, March 19, 2024. (Photo by Myo Kyaw Soe/Xinhua)