Videos
ပထမဆုံးသော 3Dပန်းချီများ ရေးဆွဲထားသော မှန်တံတား ပေါ်ဖြတ်သန်းခွင့်ပြု
ကျင်းဟိုင်၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြစ်ဝါမြစ်ပေါ်တွင် ဖြတ်သန်းဆောက်လုပ်ထားသော မှန်တံတားကိုခရီးသွားများအတွက် ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်သည်။ ၎င်းမှန်တံတားပေါ်တွင် ပထမဆုံးအနေဖြင့် 3D ပန်းချီကားများကိုလည်းရေးဆွဲအလှဆင်ထားသည်။ အဆိုပါ မှန်တံတားမှာ မြစ်မျက်နှာပြင်မှ ၁ဝ မီတာအမြင့်တွင်တည်ရှိပြီး ၃၂၈ မီတာအရှည်ရှိကာ တံတားအကျယ်မှာ ၂.၆ မီတာကျယ်သည်။ မှန်တံတားခံနိုင်ဝန်အားမှာ ၃ တန်ရှိပြီး တစ်ကြိမ်တွင် တံတားပေါ်၌ စုစုပေါင်း လူပေါင်း ၃ဝဝ အားတက်ရောက်ဖြတ်သန်းခွင့်ပြုထားသည်။(Xinhua)