Connect with us

Myanmar

မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၃၈၄ ဦးရှိပြီး ၈၉ ဦး ပျောက်ဆုံး

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ( ဓာတ်ပုံ- information Team)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၃၈၄ ဦး ရှိပြီး ၈၉ ဦးပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (စက်တင်ဘာ ၂၁ ရက်) က ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် နေပြည်တော်တွင် ၁၆၄ ဦး၊ ကရင်ပြည်နယ်တွင် ၅ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင်၂ ဦး၊ မန္တလေးတိုင်း ဒေသကြီး ၁၃၄ ဦး၊ ရှမ်းပြည်နယ် ၇၈ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ၁ ဦး စုစုပေါင်း ၃၈၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းထိ လူဦးရေ ၁၄၈,၆၄၃ ရေဘေးသင့်ခဲ့ပြီးရေကြီးမှုကြောင့် စပါးစိုက်ဧက ၇၃၅,၄၆၁ ဧက ပျက်စီးခဲ့ပြီး တိရစ္ဆာန် ၁၄၄,၉၉၈ ကောင်လည်း သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေပြည်တော်ကောင်စီ နယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅၃ မြို့နယ်တို့တွင် အခြေခံအဆောက်အဦ၊ ကောက်ပဲသီးနှံနှင့် တိရစ္ဆာန်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သလို ရုံး/ဌာနအဆောက်အဦ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦ၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေး တိုင်များ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117