Connect with us

Asia

ဂျပန် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် “ထိပ်ဆုံးသုံးဦး” က ဦးဆောင်သည့် အခင်းအကျင်းတွင် ရှိနေကြောင်း ပြည်သူ့သဘောထားစစ်တမ်းများက ဖော်ပြ

ဂျပန်နိုင်ငံ တိုကျိုမြို့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဌာနချုပ်၌ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌလောင်းရွေးကောက်ပွဲမှ ကိုယ်စားလှယ်လောင်း ၉ ဦး အစဉ်လိုက် နိုင်ငံရေးမိန့်ခွန်းပြောကြားနေသည်ကို စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဂျပန် အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌ ရွေးကောက်ပွဲ ကျင်းပတော့မည့်အချိန်တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ညွှန်ကြားရေးမှူးချုပ်ဟောင်း Shigeru Ishiba ၊ စီးပွားရေးနှင့်လုံခြုံရေးဝန်ကြီး Sanae Takaichi ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဟောင်း Shinjiro Koizumi တို့၏ ထောက်ခံမှုနှုန်းသည် ထိပ်ဆုံး ၃ နေရာတွင် တည်ရှိနေပြီး အခြားကိုယ်စားလှယ်လောင်းများထက် အားသာချက်များ သိသိသာသာရှိကြောင်း နောက်ဆုံးပြည်သူ့သဘောထားစစ်တမ်းရလဒ် တစ်ခုက ဖော်ပြခဲ့သည်။
ဖြေဆိုသူများ၏ ၂၆ ရာခိုင်နှုန်းမှာ Shigeru Ishiba ၊ ၁၇ ရာခိုင်နှုန်းမှာ Sanae Takaichi ၊ ၁၄ ရာခိုင်နှုန်းမှာ Shinjiro Koizumi ကို ထောက်ခံကြောင်း ဂျပန်နိုင်ငံ Mainichi Shimbun သတင်းဌာနနှင့် Social Survey Research Center ၏ စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သော စစ်တမ်းရလဒ်များက ဖော်ပြခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး Yōko Kamikawa နှင့် ဒစ်ဂျစ်တယ်ဝန်ကြီး Taro Kono စသည့် ကိုယ်စားလှယ်လောင်း ၆ ဦး၏ ထောက်ခံမှုနှုန်းအားလုံးမှာ ၅ ရာခိုင်နှုန်းထက် မပိုကြောင်း သိရသည်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ထောက်ခံသော ဖြေဆိုသူများတွင် ၂၉ ရာခိုင်နှုန်းက Sanae Takaichi ကို ဥက္ကဋ္ဌသစ်ဖြစ်လာရန် မျှော်လင့်ကြောင်း၊ ၂၄ ရာခိုင်နှုန်းက Shigeru Ishiba ကိုရွေးချယ်ပြီး ၂၃ ရာခိုင်နှုန်းက Shinjiro Koizumi ကို ထောက်ခံခဲ့ကြောင်း ဖြေဆိုခဲ့သည်။ ၎င်းတို့ ၃ ဦးသည် ထောက်ခံမှုနှုန်း ထိပ်ဆုံးတွင်ရှိကြောင်း မကြာသေးမီက ဂျပန်မီဒီယာအများအပြား၏ ပြည်သူ့သဘောထားစစ်တမ်းများက ပြသခဲ့သည်။
လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌ ရွေးကောက်ပွဲကို ယခုလ ၂၇ ရက်တွင် ဆန္ဒမဲပေးရန် စီစဉ်ထားသည်။ လက်ရှိ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဖူမီအို ခီရှီဒါက ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံခြင်းမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီးဖြစ်ရာ ယခုအကြိမ် ရွေးကောက်ပွဲအပြီးတွင် ဥက္ကဋ္ဌအသစ်က ဝန်ကြီးချုပ်ရာထူးကို တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ စည်းမျဉ်းများအရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် ၃၆၇ ဦးသည် တစ်ဦးလျှင် ၁ မဲနှုန်း၊ ဒေသဆိုင်ရာ လွှတ်တော်အမတ်များ၊ သာမန်ပါတီဝင်များနှင့် မှတ်ပုံတင်ထားသည့် ထောက်ခံသူ “ပါတီမိတ်ဆွေများ” ၏ ဆန္ဒမဲ ၃၆၇ မဲ အဖြစ် စုစုပေါင်း ၇၃၄ မဲ ရှိပြီး ဆန္ဒမဲ ထက်ဝက်ကျော် ရရှိသူသည် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။ ပထမအကျော့တွင် ဆန္ဒမဲ ထက်ဝက်ကျော် ရရှိသူ မရှိပါက မဲအရေအတွက် ထိပ်ဆုံး ၂ ဦးသည် ဒုတိယအကျော့ ဖိုင်နယ်သို့တက်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပထမအကျော့ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ထက်ဝက်ကျော် မည်သူမျှ ရရှိနိုင်ခြေမရှိဟု ဂျပန်မီဒီယာတွေက ခန့်မှန်းကြသည်။ ဒုတိယအကျော့တွင် မည်သူက အနိုင်ရမည်ကိုမူ လွှတ်တော်အမတ်များ၏ ပိုမိုများပြားသောထောက်ခံမှုများ ရရှိနိုင်ခြင်း၊ မရရှိနိုင်ခြင်းအပေါ် မူတည်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(Chinese Version)
民调显示日本自民党总裁选举呈“三强”领跑格局
新华社北京9月23日电 在日本执政党自由民主党总裁选举进入倒计时之际,一项最新民意调查结果显示,自民党前干事长石破茂、经济安全保障担当大臣高市早苗、前环境大臣小泉进次郎支持率位列前三,较其他候选人优势明显。
日本《每日新闻》和社会调查研究中心22日发布的民调结果显示,支持石破茂的受访者占比为26%,支持高市早苗的占比17%,支持小泉进次郎的占比14%。外务大臣上川阳子、数字大臣河野太郎等其他6名候选人的支持率均不高于5%。
支持自民党的受访者中,29%表示希望高市早苗出任新总裁,24%选择石破茂,23%支持小泉进次郎。近期,多家日本媒体民调均显示上述三人支持率排名靠前。
自民党总裁选举定于本月27日举行投计票。现任日本首相、自民党总裁岸田文雄已宣布放弃参选,意味着此次选举结束后,新总裁将接任首相。