Connect with us

Africa & Middle East

အခြေအနေတင်းမာမှုများ ဆက်တိုက်မြင့်တက်လာနေရာ လက်ဘနွန်-အစ္စရေး ပဋိပက္ခ အထိန်းအကွပ်မဲ့ ဖြစ်သွားနိုင်မည်လော

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ ဆက်သွယ်ရေးကိရိယာ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူ၏ ဈာပနအခမ်းအနားတွင် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တစ်ဦးက လက်ထဲရှိ စကားပြောစက်အတွင်းမှ ဓာတ်ခဲအား ဖြုတ်လိုက်သည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်/ဂျေရုဆလမ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းရှိ Ramat David လေတပ်အခြေစိုက်စခန်းနှင့် လေဆိပ်ကို စက်တင်ဘာ ၂၂ ရက်က ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး ၎င်းမှာ ထိုမတိုင်မီ လက်ဘနွန်ကို အစ္စရေး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ခြင်းအပေါ် တုံ့ပြန်ခြင်း ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

သုံးသပ်သူများက ယခုကာလများတွင် လက်ဘနွန်-အစ္စရေး ပဋိပက္ခ အရှိန်အဟုန် ဆက်တိုက် မြင့်တက်လျက်ရှိရာ အစ္စရေးက လက်ဘနွန် ဟစ်ဇ်ဘိုလာတို့အပေါ် ထိုးစစ်အရှိန်ကို မြှင့်တင်နေသလို လက်ဘနွန် ဟစ်ဇ်ဘိုလာတို့ကလည်း အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကို တန်ပြန်တိုက်ခိုက်လျက်ရှိကြောင်း၊ လက်ဘနွန်-အစ္စရေး ပဋိပက္ခ အလားအလာမှာ ဂါဇာအခြေအနေနှင့် ခွဲခြားမရ ဆက်စပ်လျက်ရှိရာ အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုများကို အမြန်ဆုံး ရပ်တန့်သင့်ကြောင်း၊ လက်ဘနွန် ဟစ်ဇ်ဘိုလာနှင့် ပဋိပက္ခများ တစ်ဆင့်တိုး မြင့်တက်လာမှု မရှိအောင် ရှောင်ရှားရမည် ဖြစ်သလို ပဋိပက္ခများ ဘက်စုံ စစ်ပွဲသို့ ကူးပြောင်းလာမှုကို တားဆီးရမည် ဖြစ်ကြောင်း ထောက်ပြ ပြောဆိုကြသည်။

လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ တိုက်ခိုက်ခံရ
စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်က လက်ဘနွန်၌ လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များကို ဦးတည်သည့် ဆက်သွယ်ရေးကိရိယာ ဖောက်ခွဲမှုများစွာ ဖြစ်ပွားခဲ့ရာ စုစုပေါင်း လူ ၃၇ ဦး သေဆုံးပြီး ၂,၉၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုသို့ ဖြစ်ပွားပြီးမကြာမီ ယင်းတိုက်ခိုက်မှုမှာ အစ္စရေး၏လက်ချက်ဖြစ်ကြောင်း လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။ အစ္စရေး၏ ဤလုပ်ရပ်မှာ အနီရောင်စည်းကို ကျော်ခြင်းဖြစ်ပြီး စစ်ကြေညာခြင်းနှင့်တူညီကြောင်း လက်ဘနွန် ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

စက်တင်ဘာ ၂၀ ရက်က လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ် တောင်ပိုင်း ဆင်ခြေဖုံးကို အစ္စရေးတို့က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့သည်။ ထို့နောက်မကြာမီ လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်းအဖွဲ့၏ အကြီးတန်းစစ်ရေးတပ်မှူး ၂ ဦး ယင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ စက်တင်ဘာ ၂၁ ရက်တွင်လည်း အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံ တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ် ပြုလုပ်ခဲ့ရာ ၎င်းမှာ လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ အစ္စရေးကို ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို တွေ့ရှိရပြီးနောက် ဆောင်ရွက်သည့် လှုပ်ရှားမှု ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုသို့ဖြစ်ပွားပြီး မကြာမီတွင်ပင် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့က ပြန်လည်လက်တုံ့ပြန်ခဲ့ရာ စက်တင်ဘာ ၂၂ ရက်တွင် အစ္စရေး မြောက်ပိုင်း Ramat David လေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သည်။ ၎င်းမှာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ် ဖြစ်ပွားသည့် လွန်ခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ လက်ဘနွန် ဟစ်ဇ်ဘိုလာတို့က Ramat David လေတပ်အခြေစိုက်စခန်း မျက်နှာစာကို ပထမဆုံးအကြိမ် ဒုံးကျည်ပစ်လွှတ်ခြင်း ဖြစ်သလို အစ္စရေးနယ်နိမိတ်အတွင်း အဝေးဆုံးတိုက်ခိုက်မှုတစ်ခု ဖြစ်ကြောင်း ကာတာနိုင်ငံ Al Jazeera ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြခဲ့သည်။

သုံးသပ်သူများက အစ္စရေး၏ နေ့စဉ်ရက်ဆက် တိုက်ခိုက်ရေးလှုပ်ရှားမှုများက လက်ဘနွန်ကို ဆိုးဆိုးရွားရွား အထိနာစေသည့်တစ်ချိန်တည်းတွင်ပင် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့၏ ပြင်းပြင်းထန်ထန် တုံ့ပြန်လက်စားချေမှုကို ဖြစ်စေကြောင်း၊ လက်ဘနွန် ဟစ်ဇ်ဘိုလာတို့အနေဖြင့် အစ္စရေးကို ပိုမို ပြင်းထန်စွာ တုံ့ပြန်တိုက်ခိုက်ခြင်းဖြင့် လက်ဘနွန်နိုင်ငံအတွင်းရှိ ၎င်း၏ ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်ရန် လိုအပ်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

အစ္စရေး၏လှုပ်ရှားမှုများက လက်ဘနွန်ရှိ ထောင်နှင့်ချီသော လူအများအပြားကို ထိခိုက်ဒဏ်ရာရစေသလို ဆက်သွယ်ရေးစနစ်ကို ပျက်စီးစေပြီး ပြည်သူလူထုအတွက် မကြုံခဲ့ဖူးသော စိတ်ဒဏ်ရာရစေကြောင်း၊ လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက လက်ဘနွန် တောင်ပိုင်းသည် အစ္စရေး၏ တိုက်ခိုက်မှုကို ပို၍ အကြိမ်ကြိမ်ခံလာရနိုင်ကြောင်း လက်ဘနွန် L’Orient Today သတင်းစာက ဖော်ပြခဲ့သည်။

လက်ဘနွန်ကို ဦးတည်သည့် မဟာဗျူဟာ အစ္စရေး ချိန်ညှိနေ

လက်ဘနွန် ဟစ်ဇ်ဘိုလာကို အဓိက တိုက်ခိုက်ရေး ပစ်မှတ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ယခုကာလများတွင် အစ္စရေး အရာရှိများက အကြိမ်ပေါင်းများစွာ ပြောကြားခဲ့သည်။ အစ္စရေးတပ်သည် စစ်ပွဲ၏ “အဆင့်သစ်”ကို ဝင်ရောက်နေပြီဖြစ်ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသတွင် လနှင့်ချီ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် “မြောက်ပိုင်းသို့ ပြောင်းပြီး အာရုံစိုက်သွားမည်” ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
သုံးသပ်သူများက အစ္စရေးအနေဖြင့် လက်ဘနွန် ဟစ်ဇ်ဘိုလာကို ဦးတည်သည့် “လက်ဦးတိုက်ခိုက်မှု”ကို အားဖြည့်ဆောင်ရွက်နေခြင်းသည် နှစ်နိုင်ငံ နယ်စပ်ဒေသရှိ လက်ဘနွန် ဟစ်ဇ်ဘိုလာတို့၏ လက်ရှိ “ခြိမ်းခြောက်မှု”အား ကိုင်တွယ်ရန် ရည်ရွယ်ခြင်း ဖြစ်သလို ထိုမှတစ်ဆင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့ကို ဟန့်တားပြီး နောင်တွင် ဖြစ်လာနိုင်မည့် ပဋိပက္ခများတွင် လက်ဦးခွင့် ရယူထားရန်အတွက် ဖြစ်သည်ဟု ယူဆကြသည်။

နင်းရှတက္ကသိုလ် အာရပ်နိုင်ငံများဆိုင်ရာ တရုတ်နိုင်ငံသုတေသနအကယ်ဒမီ အမှုဆောင် ဒါရိုက်တာ နျိုရှင်းချွန်းက ယခုကာလများအတွင်း အစ္စရေး၏လှုပ်ရှားမှုများသည် ၎င်း၏ စစ်ရေးလှုပ်ရှားမှုကို ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေး-လက်ဘနွန် နယ်စပ်ဒေသသို့ အဓိက ရွှေ့ပြောင်းလာခြင်း၊ လက်ဘနွန် ဟစ်ဇ်ဘိုလာကို တိုက်ခိုက်ရေးပစ်မှတ်အဖြစ် အတိအလင်း ထားရှိခြင်းကို ဖော်ပြကြောင်း၊ ရည်ရွယ်ချက်မှာ လက်ဘနွန် ဟစ်ဇ်ဘိုလာတို့ အစ္စရေးအပေါ် တိုက်ခိုက်မှုအား ရပ်တန့်ရေး ဖိအားပေးရန်အတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေး-လက်ဘနွန် နယ်စပ်ရှိ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများသည် ကာကွယ်မှုမှ လက်ဦးထိုးစစ်ဆင်မှုဗျူဟာကို ပြောင်းလဲလာကြောင်း၊ အကြောင်းရင်းမှာ လက်ဘနွန် ဟစ်ဇ်ဘိုလာတို့၏ တစ်နေ့တစ်ခြား ကြီးထွားလာသည့် စစ်ရေးစွမ်းရည်နှင့် ခြိမ်းခြောက်မှုကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း အစ္စရေး Haaretz သတင်းစာက ဖော်ပြထားသည်။ The Times of Israel သတင်းတွင် အစ္စရေးသည် အစ္စရေး-လက်ဘနွန် နယ်စပ်တွင် ကြားခံနယ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းပြီး ထိုမှတစ်ဆင့် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့၏ လှုပ်ရှားမှုကို ဟန့်တားလိုခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် ကြီးမားလှသည့် ပြည်တွင်းနိုင်ငံရေး ဖိအားများကို ရင်ဆိုင်ရလျက်ရှိရာ ယင်းမှာလည်း အစ္စရေး စစ်ရေး မဟာဗျူဟာ ပို၍ တစ်ယူသန် ဖြစ်လာရသည့် အကြောင်းရင်းတစ်ခုဖြစ်ပေသည်။ နေတန်ယာဟုအနေဖြင့် “စစ်မက်သက်တမ်းကို ရှည်လျားစေချင်” ကြောင်း၊ အကြောင်းအရင်းမှာ “စစ်အငွေ့အသက်”က အာဏာရညွန့်ပေါင်းအဖွဲ့အတွင်း လက်ယာစွန်းရောက် အင်အားစု၏ ၎င်းအပေါ် ထောက်ခံမှုကို အထောက်အပံ့ ဖြစ်စေကြောင်း The Washington Post သတင်းက အစ္စရေး သံတမန်အရာရှိ Aaron Pincus ၏ စကားကို ကိုးကားဖော်ပြထားသည်။

ဘက်စုံ စစ်ပွဲ အန္တရာယ် အကန့်အသတ်ရှိ
ယခုကာလအခြေအနေများက လက်ဘနွန်-အစ္စရေး ပဋိပက္ခ အဆက်မပြတ် ပြင်းထန်လာခြင်းကို ဖော်ပြသော်လည်း ဘက်စုံ စစ်ပွဲ ပေါက်ကွဲဖြစ်ပွားလာရန်ကိုမူ နှစ်ဖက်စလုံးက စိုးရိမ်ကြောင့်ကြမှုများ ရှိကြကြောင်း သုံးသပ်သူများက ထောက်ပြ ပြောဆိုကြသည်။
ယခုကာလများတွင် လက်ဘနွန် ဟစ်ဇ်ဘိုလာတို့က အစ္စရေးနိုင်ငံမြောက်ပိုင်းကို တိုက်ခိုက်မှုများ ရှိသော်လည်း ဆိုးရွားသည့်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားခဲ့ကြောင်း၊ ၎င်းမှာ လက်ဘနွန် ဟစ်ဇ်ဘိုလာတို့အနေဖြင့် ထိုမှတစ်ဆင့် အစ္စရေးနှင့် ပဋိပက္ခ အကြီးအကျယ် မဖြစ်ပွားလိုခြင်းကို ဖော်ပြကြောင်း နျိုရှင်းချွင်းက ယူဆသည်။ အချို့သုံးသပ်သူများကလည်း လက်ဘနွန် ဟစ်ဇ်ဘိုလာသည် အစ္စရေး၏ တိုက်ခိုက်ရေးလှုပ်ရှားမှုများမှ ပြန်လည်အားဖြည့်ရန် အချိန်လိုအပ်ရာ ထို့အတွက် ပဋိပက္ခကို ချက်ချင်း အရှိန်မြှင့်ဆောင်ရွက်သွားမည် မဟုတ်ကြောင်း ယူဆကြသည်။

အစ္စရေးအတွက် ဆိုရလျှင် လက်ဘနွန် ဟစ်ဇ်ဘိုလာနှင့် ဘက်စုံ စစ်ပွဲ ဆင်နွှဲရန်မှာ အလားတူ ကြီးမားလှသည့် အန္တရာယ် ရှိသည်။ ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုက အစ္စရေးကို “အချိန်ကုန်လူပန်း စစ်ပွဲ” အဖြစ်သို့ ခြေကျွံစေကြောင်း၊ အကယ်၍ တိကျရှင်းလင်းသည့် မဟာဗျူဟာ ရည်မှန်းချက် မရှိသည့် အခြေအနေတွင် လက်ဘနွန်-အစ္စရေး ပဋိပက္ခကို ဘက်စုံစစ်ပွဲအဖြစ် အရှိန်မြှင့်မည်ဆိုပါက အစ္စရေးအနေဖြင့် ပေးဆပ်မှု ကြီးမားလိမ့်မည် ဖြစ်သလို မဟာမိတ်များနှင့် သဘောထားကွဲလွဲမှုများမှာလည်း ပို၍ ဆိုးရွားစေမည် ဖြစ်ရာ “၎င်းမှာ ကပ်ဘေးတစ်ခု” ဖြစ်ကြောင်း အစ္စရေး ထောက်လှမ်းရေး အရာရှိဟောင်း Michael Milstein က ဆိုသည်။

ရှန်ဟိုင်း နိုင်ငံခြားဘာသာတက္ကသိုလ် အရှေ့အလယ်ပိုင်းဒေသ သုတေသနဌာန ပါမောက္ခ တိန်းလုံက အစ္စရေးအနေဖြင့် အန္တရာယ်ကို စွန့်စားပြီး လက်ဘနွန် ဟစ်ဇ်ဘိုလာနှင့် ဘက်စုံစစ်ပွဲ အထူးသဖြင့် မြေပြင်စစ်ပွဲတွင် ဆင်နွှဲချင်မည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ကြီးမားသည့် ဆုံးရှုံးနစ်နာမှုများ ဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုကို ဦးစားပေးလုပ်ဆောင်ပြီး လေကြောင်းမှအသာစီးယူကာ လက်ဘနွန် ဟစ်ဇ်ဘိုလာ၏ ပြင်းထန်သည့် တိုက်ခိုက်မှုကို ထိန်းထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုများကို တွန်းအားပေးလုပ်ဆောင်နေဆဲဖြစ်ပြီး ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် အစ္စရေးတို့အကြား အပစ်ရပ်ရေးနှင့် ထိန်းသိမ်းခံထားရသူများ လွှတ်ပေးရေး ဆွေးနွေးမှု အချိန်အတော်ကြာ ကျဉ်းထဲကျပ်ထဲကျရောက်နေပြီး ဖြစ်သည်။

သုံးသပ်သူများက အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်နေမည် ဆိုလျှင် အစ္စရေးကို လက်ဘနွန် ဟစ်ဇ်ဘိုလာ၏ တိုက်ခိုက်မှုသည် ရပ်တန့်မည် မဟုတ်ကြောင်း၊ ဂါဇာကမ်းမြောင် အပစ်ရပ်ရေးသည် ဒေသတွင်းအခြေအနေ တင်းမာမှု ပြေလျော့ရေးကို ဖော်ဆောင်ရာတွင် အခြေခံနည်းလမ်းဖြစ်ကြောင်း ထောက်ပြပြောဆိုကြသည်။ (Xinhua)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ တိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာတွင် ကယ်ဆယ်ရေးသမားများအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂါဇာမြို့တွင် အစ္စရေးတိုက်ခိုက်မှုအပြီး အပျက်အစီးများအား ကြည့်ရှုနေသည့် ကလေးငယ်တစ်ဦးကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)
国际观察|局势持续升级 黎以冲突会否失控
新华社贝鲁特/耶路撒冷9月22日电 题:局势持续升级 黎以冲突会否失控   新华社记者谢昊 程帅朋 冯国芮
黎巴嫩真主党22日向以色列北部的拉马特戴维空军基地及机场发射导弹,并发表声明说,这是对以色列此前多次袭击黎巴嫩的回击。
分析人士指出,近期黎以冲突持续升级,以色列加大了对黎巴嫩真主党的进攻力度,黎真主党同样以军事行动作出回击。黎以冲突的发展同加沙局势息息相关,以色列应尽快停止在加沙地带的军事行动,避免进一步激化与黎真主党的矛盾,防止冲突滑向全面战争。
黎真主党遭受打击
17日和18日,黎巴嫩发生多起针对黎真主党成员的通讯设备爆炸事件,共造成37人死亡、2931人受伤。黎外交部随后指认以色列发动袭击。黎真主党领导人纳斯鲁拉发表讲话说,以色列此举越过红线,等同于宣战。
20日,以色列对黎首都贝鲁特南郊发动空袭,造成至少31人死亡。黎真主党随后证实,该组织2名高级军事指挥官在此次袭击中身亡。21日,以军又对黎南部进行大规模空袭,称这是在发现黎真主党准备向以色列发动火箭弹袭击后采取的行动。
黎真主党随后展开反击,22日对以色列北部拉马特戴维空军基地实施打击。卡塔尔半岛电视台报道说,这是新一轮巴以冲突去年10月爆发以来,黎真主党首次向拉马特戴维空军基地方向发射导弹,是对以色列境内最远的一次打击。
分析人士指出,以色列连日来的袭击行动使黎巴嫩受到严重打击,同时招致黎真主党更加猛烈的报复行动。黎真主党需要通过更有力地回击以色列,重新树立起其在黎国内的威信。
黎巴嫩《东方-今日报》说,以色列的行动造成黎巴嫩数千人受伤,通讯系统瘫痪,民众心理也受到前所未有的伤害。黎真主党需要作出有力回击,否则黎南部将更加频繁地遭受以色列袭击。
以色列调整对黎战略
以方官员近期多次表示正在将黎巴嫩真主党作为重点打击目标。以国防部长加兰特18日说,以军正进入战争“新阶段”,在加沙地带投入战斗数月后,“重心将转向北部”。
分析人士认为,以色列加强对黎真主党“先发制人”,不仅意在应对目前黎真主党在两国边境地区造成的“威胁”,还希望以此震慑住黎真主党,从而为今后潜在的冲突掌握主动权。
宁夏大学中国阿拉伯国家研究院执行院长牛新春表示,以色列近期的行动表明,其已将军事行动重心从加沙地带转移至以黎边境地区,并明确将黎真主党列为打击目标,目的是迫使黎真主党停止攻击以色列。
以色列《国土报》刊文称,以色列在以黎边境的军事行动逐渐从防御转向更加主动的进攻性策略,原因是担忧黎真主党日益增长的军事能力和威胁。《以色列时报》报道说,以色列可能寻求在以黎边境建立一个缓冲区,从而遏制黎真主党的活动。
此外,以色列总理内塔尼亚胡正面临巨大的国内政治压力,这也是以色列军事战略转向更加激进的一个原因。美国《华盛顿邮报》援引以色列外交官阿隆·平卡斯的话说,内塔尼亚胡“想要延长战争”,因为“战争气氛”有助于维持执政联盟内部极右翼势力对他的支持。
全面战争风险有限
分析人士指出,近期局势表明黎以矛盾正不断激化,但双方都对爆发全面战争有所顾忌。
牛新春认为,黎真主党近期向以色列北部发动袭击,但并未造成严重损失,这表明黎真主党并不愿就此引发与以色列的大规模冲突。另有分析认为,黎真主党需要时间从以色列的打击行动中恢复,因此不会立即升级冲突。
对于以色列而言,与黎真主党展开全面战争同样风险巨大。前以色列情报官员迈克尔·米尔施泰因表示,在加沙地带的军事行动已经将以色列拖入一场“消耗战”,如果在没有明确战略目标的情况下将黎以冲突升级为全面战争,以色列将付出巨大代价,与盟友的分歧也会加剧,“这将是一场灾难”。
上海外国语大学中东研究所教授丁隆说,以色列不愿冒风险与黎真主党开展全面战争,尤其是地面战争,因为这会带来巨大损失。因此,以色列优先开展空中打击,通过制空权保持对黎真主党的高强度打击。
目前,以色列仍在加沙地带推进军事行动,巴勒斯坦伊斯兰抵抗运动(哈马斯)与以色列围绕停火以及释放被扣押人员的谈判已陷入僵局多时。分析人士指出,只要以色列仍在加沙地带开展军事行动,黎真主党就不会停止对以色列的袭击,实现加沙地带停火是缓解地区紧张局势的根本途径。(完)
1. 9月18日,在黎巴嫩贝鲁特的通信设备爆炸遇难者葬礼上,一名真主党成员手中的对讲机卸下了电池。新华社发(比拉尔·贾维希摄)
2. 9月21日,救援人员在黎巴嫩贝鲁特的袭击现场工作。新华社发(比拉尔·贾维希摄)
3.  9月21日,在加沙地带北部加沙城,一名女孩查看以军袭击后的废墟。新华社发(马哈茂德·扎基摄)