Connect with us

Politics

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်နှင့် သံအမတ်ကြီး Ms. Ma Jia ကြိုဆိုဧည့်ခံပွဲကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်နှင့် သံအမတ်ကြီး Ms. Ma Jia ကြိုဆိုဧည့်ခံပွဲ အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်နှင့် သံအမတ်ကြီး Ms. Ma Jia ကြိုဆိုဧည့်ခံပွဲကို စက်တင်ဘာလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှ ချစ်ကြည်ရေးလူပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံအသီးသီးမှ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ တရုတ်လုပ်ငန်းကုမ္ပဏီ၊ တရုတ်နွယ်ဖွားများ စသဖြင့် လူ ၅၀၀ ကျော် တက်ရောက်ခဲ့သည်။
သံအမတ်ကြီး Ms. Ma Jia က အမှာစကားပြောကြားရာတွင် ၇၅ နှစ်အတွင်း တရုတ်နိုင်ငံက ဆွတ်ခူးရရှိခဲ့သည့် ကြီးမြတ်သော အောင်မြင်မှုများကို ပြန်လည်အောက်မေ့ခဲ့ပြီး ၂၉ နှစ်အကြာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံ၏ပြောင်းလဲမှုများနှင့် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုများ နက်ရှိုင်းကျယ်ပြန့်လာမှုကို လက်တွေ့ခံစားရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာဆက်ဆံရေး တိုးတက်လာမှုကို အိမ်နီးနားချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးတွင် အရေးကြီးနေရာ၌ အမြဲထားရှိထားပြီး‌ မြန်မာပြည်သူတစ်ရပ်လုံးအပေါ် မျက်နှာမူသော ချစ်ကြည်ရင်းနှီးသည့်မူဝါဒကို လက်ကိုင်စွဲထားကြောင်း၊ တရုတ်-မြန်မာပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှုကို အဆက်မပြတ်မြှင့်တင်၍ လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစေခြင်းဖြင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဧည့်ခံပွဲ၌ ချစ်ကြည်ရင်းနှီးသောအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး သံအမတ်ကြီး Ms. Ma Jia နှင့် ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ကိတ်မုန့်အတူခွဲကာ အဖျော်ယမကာဖြင့် အတူဂုဏ်ပြုခဲ့သည်။ တက်ရောက်လာကြသော ဧည့်သည်တော်များကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်အတွင်း ဆွတ်ခူးရရှိခဲ့သော ကမ္ဘာကျော် ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကို ဂုဏ်ပြုကြပြီး တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို အပြုသဘောဆောင်စွာ မှတ်ချက်ပြု၍ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်ဖြင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးဖြစ်ထွန်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။
သံရုံးက အခမ်းအနားတွင် “သာယာလှပသော တရုတ်နိုင်ငံ” အကြောင်းအရာ ဓာတ်ပုံပြပွဲလည်း ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာကြသော ဧည့်သည်တော်များကို တရုတ်နိုင်ငံနှင့် တရုတ်-မြန်မာချစ်ကြည်ရေးအကြောင်း မိတ်ဆက်ပေးသည့် စာအုပ်၊ CD နှင့် ယဉ်ကျေးမှုဆိုင်ရာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.