Connect with us

Asia

ထိုင်းနိုင်ငံတွင် ကျောင်းကားတစ်စီးမီးလောင်မှုဖြစ်ပွား၊ အနည်းဆုံး လူ ၂၃ ဦး သေဆုံးမည်ဟု ခန့်မှန်းရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဆင်ခြေဖုံးတွင် မတော်တဆမှုဖြစ်ပွားရာနေရာ၌ လုပ်ငန်း လုပ်ဆောင်သော ကယ်ဆယ်ရေးသမားများအား အောက်တိုဘာလ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်အနီး ဆင်ခြေဖုံးတွင် အောက်တိုဘာ ၁ ရက်က ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၄၄ ဦး တင်ဆောင်လာသော ကျောင်းကားတစ်စီး မီးလောင်ခဲ့ရာ အနည်းဆုံး လူ ၂၃ ဦး သေဆုံးနိုင်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။
ထိုနေ့ နေ့လယ် ၁၂း၂၀ နာရီခန့်တွင် အဆိုပါနှစ်ထပ်ကျောင်းကားသည် ဘန်ကောက်မြို့ မြောက်ပိုင်း ဆင်ခြေဖုံး အဝေးပြေးလမ်းမကြီးတစ်ခုတွင် ရုတ်တရက် ကားဘီးပေါက်ပြီး လမ်းအကာအရံကို ဝင်တိုက်ကာ မီးလောင်ကျွမ်းခဲ့သည်။ ကျောင်းကားသည် ခုံးကျော်တံတားအောက်တွင် အကြီးအကျယ် မီးလောင်ကျွမ်း၍ မီးခိုးလိပ်များ ထွက်ပေါ်လာသည်ကို အခင်းဖြစ်ပွားရာနေရာ၌ ရိုက်ကူးထားသော ဗီဒီယိုဖိုင်တွင် မြင်တွေ့ရသည်။
ထိုအချိန်တွင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျောင်းသား/ ကျောင်းသူ ၃၈ ဦးနှင့် ဆရာ/ ဆရာမ ၆ ဦး အပါအဝင် စုစုပေါင်း ၄၄ ဦး လိုက်ပါသွားကြောင်း သတင်းများအရ သိရသည်။ အခင်းဖြစ်ပြီးနောက် ဒေသခံ မီးသတ်ဌာနမှ အရေးပေါ်သွားရောက် ကယ်ဆယ်ခဲ့ပြီး ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံများသို့ ဆက်တိုက် ပို့ဆောင်ကုသပေးခဲ့သည်။
အခင်းဖြစ်ပွားရာနေရာမှ လူ ၂၁ ဦး လွတ်မြောက်ခဲ့ပြီး အခြား ၂၃ ဦးမှာ သေဆုံးသွားဖွယ်ရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး Anuthin Chanwirakun က ပြောကြားခဲ့သည်။ ထိုင်းဝန်ကြီးချုပ် Phaethongthan Chinnawat က ထိုနေ့တွင် ဆိုရှယ်မီဒီယာမှ တစ်ဆင့် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ မိသားစုဝင်များအား ဝမ်းနည်းနှစ်သိမ့်စကားပြောကြားခဲ့ပြီး Anuthin အား အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်၍ နောက်ဆက်တွဲ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် စေလွှတ်ထားပြီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါ မတော်တဆမှုဖြစ်ပွားခဲ့သော ကျောင်းကားပေါ်ရှိ ကျောင်းသား/ကျောင်းသူများသည် အသက် ၄ နှစ်၊ ၅ နှစ်မှ ၁၃ နှစ်၊ ၁၄ နှစ်ကြား အရွယ်များ ဖြစ်ကြပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း Uthai Thani ခရိုင်ရှိ ကျောင်းတစ်ကျောင်းမှ ဖြစ်ကြကာ ဘန်ကောက် မြောက်ပိုင်းရှိ ပြတိုက်သို့ လေ့လာရေးခရီးအဖြစ်သွားခဲ့ကြခြင်းဖြစ်သည်ဟု အေအက်ဖ်ပီ သတင်းဌာန၏ အဆိုအရ သိရသည်။
ပြင်းထန်သော မီးလောင်ဒဏ်ရာကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းအများစုကို ခွဲခြားရန်ခက်ခဲသဖြင့် ကယ်ဆယ်ရေးသမားများသည် သေဆုံးသူအရေအတွက်ကို အတိအကျ ဖော်ပြနိုင်ခြင်း မရှိကြောင်းနှင့် ရုပ်အလောင်းများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုရန် ရက်အနည်းငယ် အချိန်ယူရဦးမည်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့သည်။
မော်တော်ဆိုင်ကယ် အငှားယာဉ်မောင်း Mikchai Shah က အခင်းဖြစ်ပွားခဲ့သည့် အသံကို တစ်ကီလိုမီတာအကွာမှ ကြားလိုက်ရသည် ဟုဆိုသည်။ “နေရာတိုင်းမှာ မီးခိုးတွေချည်းပဲ၊ သနားစရာကောင်းတဲ့ ကလေးလေးတွေ အရမ်းငယ်သေးတယ်လို့ ကြားတယ်၊ သူတို့ အသက်ရှင်ကျန်ခဲ့ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် နှစ်စဉ် လူပေါင်း ၂၀,၀၀၀ ခန့်သည် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရရာ နေ့စဉ် ပျမ်းမျှ လူ ၅၀ ကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ သိရသည်။ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ယာဉ်မတော်တဆမှုအတွင်း ဒဏ်ရာရသေဆုံးသူများကြောင့် စီးပွားရေး ဆုံးရှုံးမှုသည် အမေရိကန် ဒေါ်လာ ၁၅.၅ ဘီလီယံခန့် ရှိပြီး နိုင်ငံ GDP ၏ ၃ ရာခိုင်နှုန်းအထက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းမှာ ယာဉ်အိုယာဉ်ဟောင်းများနှင့် မလျော်ကန်သော မောင်းနှင်မှုတို့ကြောင့် ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ အဆိုအရ သိရသည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဆင်ခြေဖုံးတွင် မီးလောင်ခဲ့သော ကျောင်းကားကို အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………………
(Chinese Version)
泰国一校车起火 恐致至少23人遇难
新华社北京10月2日电 一辆载有44名师生的校车10月1日在泰国首都曼谷近郊起火,恐造成至少23人遇难。
当天中午12时20分左右,这辆双层校车在曼谷北郊一条高速公路上突然爆胎,后撞上护栏起火。现场视频显示,校车在立交桥下燃起大火,冒出滚滚黑烟。
据报道,当时车上共载有44名乘客,包括38名学生和6名教师。事发后,当地消防部门紧急前往救援,伤者被陆续送往附近医院接受治疗。
泰国副总理兼内政部长阿努廷·参威拉恭说,21人从事故现场逃出,另外23人可能已经遇难。泰国总理佩通坦·钦那瓦当天通过社交媒体向伤者和遇难者家属表示慰问,并表示已派阿努廷前往现场善后。
按法新社说法,事故校车所载学生的年龄从四五岁到十三四岁不等,来自泰国北部乌泰他尼府一所学校,准备前往曼谷北部参观一家博物馆。
法新社报道,由于烧伤严重,大部分遇难者遗体难以辨认,救援人员无法给出具体死亡人数,确认遗体身份可能还要数天时间。
米猜·沙阿是一名摩托出租车司机,在一公里外就听到了事故声音。“到处都是烟雾。可怜的孩子们,听说还都很小,希望他们能活下来。”
据世界卫生组织统计,泰国每年大约2万人死于道路交通事故,平均每天超过50人。2022年,泰国因交通伤亡造成的经济损失约为155亿美元,超过该国GDP的3%。
按照法新社说法,车辆老旧和不当驾驶行为是造成泰国交通事故频发的主要原因。(刘江)
图说1:10月1日,在泰国曼谷近郊,救援人员在事故现场工作。新华社记者孙玮彤摄
图说2:这是10月1日在泰国曼谷近郊拍摄的起火客车。新华社发