Connect with us

China

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆန်းရှင်းသွေး ရှေးဟောင်းသုတေသန တူးဖော်ရေးနေရာအား VR သုံးဖက်မြင်နည်းပညာဖြင့် စူးစမ်းလေ့လာနိုင်ပြီဖြစ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်းပြည်နယ်၊ ကွမ်ဟန်မြို့ရှိ ဆန်းရှင်းသွေးပြတိုက်၌ ပြတိုက်ဝန်ထမ်းများက ခင်းကျင်းပြသမည့် ပစ္စည်းတစ်ခုအား တပ်ဆင်နေပုံကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ပုံရိပ်ယောင်ကမ္ဘာထဲသို့ ကိုယ်တိုင်ရောက်သွားသကဲ့သို့ ကြုံတွေ့ခံစားရမည့် “ယဇ်ပူဇော်သည့် မြေကျင်းများရှိရာ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်ရေးနေရာ (ဆန်းရှင်းသွေး) အား စူးစမ်းလေ့လာခြင်း” ဟု အမည်ပေးထားသော VR သုံးဖက်မြင်နည်းပညာ အကြီးစားပရောဂျက်အား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်းပြည်နယ်ရှိ ဆန်းရှင်းသွေး ပြတိုက်၌ တရားဝင်မိတ်ဆက်ပြသခဲ့သည်။
အဆိုပါ ပရောဂျက်အနေဖြင့် ဆန်းရှင်းသွေး ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်ရေးနေရာ၏ ရှေးခေတ် လျှို့ဝှက်ဆန်းကြယ်မှုများအကြောင်းကို သုံးဖက်မြင် ပုံရိပ်ယောင်နည်းပညာဖြင့် စူးစမ်းလေ့လာနိုင်မည့် အခွင့်အလမ်းတစ်ခု ဖန်တီးပေးကာ တည်နေရာအခြေပြု ဖျော်ဖြေရေးနည်းပညာ LBE ကိုလည်း ထည့်သွင်းထားသည်။
ကြည့်ရှုလေ့လာသူ အများအပြားက ရှေးဟောင်းသုတေသန ပညာရှင်များ၏ လမ်းညွှန်မှုဖြင့် ပုံရိပ်ယောင်ဝန်းကျင်တစ်ခုအတွင်း လွတ်လွတ်လပ်လပ် သွားလာ၍ စူးစမ်းလေ့လာနိုင်မည်ဖြစ်သည်။
“LBE နည်းပညာဟာ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းမှာ ရေပန်းစားလာပါပြီ။ ကျွန်တော်တို့အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဆန်းရှင်းသွေး ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်ရေးနေရာမှာရှိတဲ့ ရှေးဟောင်းသုတေသန အချက်အလက်တွေကို စတင်စုဆောင်းခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အချက်အလက်တွေ စုဆောင်းပြီးတဲ့နောက် မူလရှေးဟောင်းသုတေသနဆိုင်ရာ အချက်အလက်အများအပြားကို စုဆောင်းရရှိခဲ့ပါတယ်။ ဇာတ်ကြောင်းပြန် အကြောင်းအရာတွေကို ထည့်သွင်းပြီးတော့ LBE နည်းပညာက ပေးစွမ်းတဲ့ ပတ်ပတ်လည် သုံးဖက်မြင်ပုံရိပ် အတွေ့အကြုံတွေကနေ တူးဖော်ရေးနေရာအကြောင်းကို မိတ်ဆက်ပေးဖို့ ရည်ရွယ်ပါတယ်။ တူးဖော်မှုတစ်ခု ပြီးစီးသွားတာနဲ့ ရှေးဟောင်းသုတေသန အချက်အလက်တွေက ကျန်ရစ်တော့မှာမဟုတ်လို့ လာရောက်လေ့လာသူတွေ ကြည့်ရှုနိုင်ဖို့ တူးဖော်ခဲ့တဲ့နေရာရဲ့ ပုံရိပ်ယောင်ဝန်းကျင်တစ်ခုကို လိုအပ်ပါတယ်” ဟု OCTOBER3D ၏ ကိုယ်စားလှယ် ကျန်းလီရှင်းက ဆိုသည်။
“အကြောင်းအရာစုံတဲ့ မြေကျင်းတွေအကြောင်းကို ကျွန်တော် လေ့လာခဲ့တယ်။ ပြတိုက်ထဲမှာတွေ့ခဲ့တဲ့ ရှေးခေတ်အသုံးအဆောင်ပစ္စည်းတွေက တကယ့်ကို အံ့အားသင့်စရာပါပဲ။ ရှေးဟောင်းသုတေသနနေရာတုန်းက ပတ်ဝန်းကျင်ထဲမှာ နစ်မြောသွားတဲ့ခံစားမှုကို ရလိုက်ပါတယ်။ ကြေးထည်ပစ္စည်းတွေနဲ့ တခြားအရာ၀တ္ထုတွေကို အမှန်တကယ် လေ့လာနိုင်ဖို့ ကျင်းအမှတ်-၃ ကိုလည်း သွားခဲ့ပါတယ်” ဟု လာရောက်လေ့လာသူ တစ်ဦးဖြစ်သည့် ကန်းက ပြောကြားခဲ့သည်။ (Xinhua)


…………………….
(English Version)
VR technology offers immersive experience at SW China’s Sanxingdui Ruins
STORYLINE:
The large-scale VR immersive experience project, “Discovering Sanxingdui – Archaeological Excavation Site of the Sacrificial Pits,” has been officially launched at the Sanxingdui Museum in Sichuan Province, southwest China.
With LBE (Location-Based Entertainment) technology, the project offers visitors an opportunity to explore the ancient mysteries of Sanxingdui through immersive virtual reality.
Multiple individuals can freely move and explore within a shared virtual environment guided by archaeologists.
SOUNDBITE 1 (Chinese): ZHANG LIXIN, Representative of OCTOBER3D
“LBE technology has become a favorite in the cultural tourism industry. We started collecting archaeological data at the Sanxingdui archaeological excavation site more than 10 years ago. After the collection over the past few years, we have accumulated a substantial amount of original archaeological data. By incorporating additional narrative elements, we aim to present the excavation site through the immersive experience offered by LBE technology. Archaeological data will no longer exist once an excavation is completed. So it needs a virtual scene of the excavation for visitors to watch.”
SOUNDBITE 2 (Chinese): KANG, Visitor
“I watched several pits with abundant contents. The artifacts I saw inside the museum were quite impressive. At the archaeological site, I have a sense of immersion. I also entered Pit No.3 to ‘touch’ the bronze artifacts and other objects to get a real feel of them.”
Xinhua News Agency correspondents reporting from Chengdu, China.
(XHTV)
English Caption
Staff members install an exhibit at the Sanxingdui Museum in Guanghan City, southwest China’s Sichuan Province, July 21, 2024.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.