Connect with us

Asia

တရုတ်နိုင်ငံ၏ တိုးတက်မှုများကို ထိုင်းတာဝန်ရှိသူက အပြုသဘောဆောင်ပြောကြား

ဘန်ကောက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ထိုင်း-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း ‌ကွန်းဒက်ဘာရန်စီက ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ခဲ့သည့် တရုတ်နိုင်ငံ၏ အတွေ့အကြုံများနှင့် ပတ်သက်၍ အပြုသဘောဆောင် ပြောကြားခဲ့ကြောင်း သိရသည်။“တရုတ်နိုင်ငံဟာ ဆင်းရဲနွမ်းပါးမှု လျှော့ချရာမှာ သူတို့ရဲ့အောင်မြင်မှုတွေကို ကမ္ဘာကြီးကို ပြသခဲ့ပြီးပါပြီ။ လူဦးရေ ၁.၄ ဘီလီယံရှိတဲ့ နိုင်ငံဟာ ဘက်ပေါင်းစုံမှာ အတော်အတန် ကြွယ်ဝချမ်းသာတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်မယ့် ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ဘယ်လိုအောင်မြင်အောင် လုပ်ခဲ့တယ်ဆိုတာကို လေ့လာကြည့်ပါ။ အဲဒီအပိုင်းမှာ တရုတ်နိုင်ငံရဲ့ အောင်မြင်မှုက စံနမူနာယူစရာပါပဲ။ တခြားနိုင်ငံတွေအနေနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အောင်မြင်အောင် လုပ်ချင်တယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အတွေ့အကြုံတွေကနေ လေ့လာသင်ယူနိုင်ပါတယ်” ဟု ထိုင်း-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း ‌ကွန်းဒက်ဘာရန်စီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက အဆိုပြုထားသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်အရ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ကွန်းက ဆိုသည်။”ရပ်ဝန်းနဲ့ပိုးလမ်းမ အဆိုပြုချက် (BRI) ကို တရုတ်တစ်နိုင်ငံတည်းက မလုပ်ဆောင်သင့်ပါဘူး။ တခြားနိုင်ငံတွေလည်း ပါဝင်လုပ်ဆောင်သင့်ပါတယ်။ အဲဒါက အားလုံးအတွက် ခေတ်နဲ့အညီအသွင်ပြောင်းမှု ဖြစ်လာမှာမို့ တစ်ကမ္ဘာလုံးမှာ ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေပါလိမ့်မယ်။ အဲဒါက ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ဖြစ်တဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမ အဆိုပြုချက်ရဲ့ အနှစ်သာရပါပဲ။ မိမိတို့ အာဆီယံ ၁၀ နိုင်ငံဟာ ထိတွေ့ဆက်ဆံမှုတွေ၊ ငြိမ်းချမ်းရေးကို အခြေပြုတဲ့ ကုန်သွယ်မှုတွေကို ချိတ်ဆက်လုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ်။

ဒါပေမဲ့ မိမိတို့အနေနဲ့ ဘယ်လိုတိုးတက်အောင်မြင်မှုတွေကို အတူတကွဖော်ဆောင်ဖို့ ရည်မှန်းထားပါစေ အဓိကအလေးထားရမှာက ငြိမ်းချမ်းမှုရှိဖို့ပါပဲ။ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှုရှိမှသာ မိမိတို့အနေနဲ့ ကြွယ်ဝချမ်းသာမှု၊ တိုးတက်အောင်မြင်မှုတွေကို အတူတကွ ရယူနိုင်ပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————————–
(English Version)
Thai official speaks positively about China’s development
STORYLINE:
Korn Dabbaransi, president of the Thai-Chinese Friendship Association and former Deputy Prime Minister of Thailand, spoke positively about China’s experience in beating poverty.
SOUNDBITE 1 (Thai): KORN DABBARANSI, President of the Thai-Chinese Friendship Association, Former Deputy Prime Minister of Thailand
“China has shown the world its achievements in poverty alleviation. The country with 1.4 billion people has achieved the goal of building a moderately prosperous society in all respects. Take a look at how China made it. China’s achievements in this regard provide a role model. If other countries want to achieve poverty eradication, they can learn from China’s experience.”
Korn also spoke about the need to conduct collaboration under the China-proposed Belt and Road Initiative.
SOUNDBITE 2 (Thai): KORN DABBARANSI, President of the Thai-Chinese Friendship Association, Former Deputy Prime Minister of Thailand
The Belt and Road Initiative (BRI) should not be carried out by China alone. Other countries should also take action. This will be modernization for everyone, allowing the whole world to share peace. That’s the essence of the Belt and Road Initiative, a global initiative. We in the ten ASEAN countries look forward to engaging in communication and trade based on peace. But no matter what we aim to achieve together, the priority is to secure peace. Only through global peace can we collectively achieve prosperity and progress.”
Xinhua News Agency correspondents reporting from Bangkok.
(XHTV)
English Caption
Aerial photo taken on July 24, 2021 shows the view of a relocation site for poverty alleviation at Huawu Village in Xinren Miao Township, Qianxi City, southwest China’s Guizhou Province. (Xinhua/Yang Wenbin)