Connect with us

Media

မြန်မာနိုင်ငံ အောင်လံမြို့တွင် ဒါနသဟာယ ကပြားဆွမ်းလောင်းအသင်းမှ ၃၄ ကြိမ်မြောက် ကာယကံမြောက်မေတ္တာအလှူပွဲပြုလုပ်

အောင်လံ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ ကန်ကြီးရပ်ကွက်တွင် တည်ရှိသော ဒါနသဟာယ ကပြားဆွမ်းလောင်းအသင်းမှ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု တစ်ထောင်ကို ကာယကံမြောက် မေတ္တာအလှူတော်ကြီးအဖြစ် သီတင်းကျွတ်လပြည့်ကျော်တစ်ရက် နေ့လယ်တစ်နာရီက ကျင်းပပြုလုပ်ခဲ့သည့် ရုပ်သံဖိုင်ဖြစ်ပါသည်။
အဆိုပါ ကာယကံမြောက် မေတ္တာအလှူတော်ကြီးကို ၃၄ ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယခုနှစ်တွင် သီလရှင်ဆရာလေးအပါး ၅၀ ကို လှူဒါန်းခဲ့ကြောင်း၊ အောင်လံမြို့ ၉ ရပ်ကွက်က ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုတစ်ထောင်ကျော်ကို ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ဆပ်ပြာ၊ အဝတ်အထည် အပါအဝင် ဆေးဝါးနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို အလှူရှင်များကိုယ်တိုင်ကာယကံမြောက် မေတ္တာဖြင့် ပေးဝေလှူဒါန်းကြခြင်းဖြစ်ပါသည်။ (Xinhua)