Connect with us

China

သစ်လွင်သော ကြိုးပမ်းအားထုတ်မှုများအတွက် တရုတ်နိုင်ငံ၏ အာကာသစခန်းသို့ ရှန်ကျိုး-၁၉ အာကာသယာဉ်များခရီးစဉ် စတင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2F သယ်ဆောင်ရေးဒုံးပျံထိပ်တွင် တပ်ဆင်ထားသော ရှန်ကျိုး-၁၉ လူလိုက်ပါသောအာကာသယာဉ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ရှန်ကျိုး-၁၉ (Shenzhou-19) လူလိုက်ပါသောအာကာသယာဉ်ကို အောက်တိုဘာ ၃၀ ရက်တွင် လွှတ်တင်၍ ပထမဆုံးအမျိုးသမီး အာကာသအင်ဂျင်နီယာ အပါအဝင် အာကာသယာဉ်မှူး ၃ ဦးကို ပို့ဆောင်ခဲ့ပြီး ၎င်းတို့သည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းလည်ပတ်နေသော အာကာသစခန်း၌ အချိန်ခြောက်လကြာ နေထိုင်ကြမည်ဖြစ်သည်။
Long March-2F သယ်ဆောင်ရေးဒုံးပျံ၏ ထိပ်တွင် တပ်ဆင်ထားသော အာကာသယာဉ်အား ပေကျင်းစံတော်ချိန် နံနက် ၄:၂၇ နာရီတွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) က ပြောကြားခဲ့သည်။

အာကာသယာဉ်လွှတ်တင်အပြီး ၁၀ မိနစ်ခန့်အကြာတွင် ရှန်ကျိုး-၁၉ အာကာသယာဉ်သည် ဒုံးပျံမှခွဲထွက်ခဲ့ပြီး သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်သွားခဲ့သည်။ အာကာသယာဉ်မှူးများသည် အခြေအနေကောင်းမွန်ကြောင်းနှင့် အာကာသယာဉ်လွှတ်တင်ရေးလုပ်ငန်း အောင်မြင်စွာပြီးစီးခဲ့ကြောင်း CMSA က ကြေညာခဲ့သည်။
ထို့နောက် အာကာသယာဉ်သည် အချိန် ၆ နာရီခွဲခန့်အတွင်း အာကာသစခန်း ပင်မမော်ဂျူး ထျန်းဟဲ၏ ရှေ့ဘက်ပေါက်နှင့် လျင်မြန်စွာ အလိုအလျောက် ချဉ်းကပ် ချိတ်ဆက်မည်ဖြစ်ကာ မော်ဂျူးသုံးခု၊ အာကာသယာဉ်သုံးစင်းတို့ စုဖွဲ့ချိတ်ဆက်ထားမည်ဖြစ်သည်။

အာကာသယာဉ်မှူးအသစ်များအနေဖြင့် အာကာသသိပ္ပံနှင့် စမ်းသပ်အသုံးပြုမှုများ လုပ်ဆောင်ခြင်း၊ အာကာသယာဉ်ပြင်ပတာဝန်များလုပ်ဆောင်ခြင်း၊ အာကာသအပျက်အစီးများရန်မှ ကာကွယ်ရေးကိရိယာများ တပ်ဆင်ခြင်း၊ အာကာသယာဉ်ပြင်ပ ကုန်စည်နှင့် ကိရိယာများ တပ်ဆင်ခြင်း၊ ပြန်လည်အသုံးပြုခြင်း စသည်တို့အပါအဝင် တာဝန်များစွာ ဆောင်ရွက်ကြမည်ဖြစ်သည်။
ရှန်ကျိုး-၁၈ နှင့် နှိုင်းယှဉ်ပါက ရှန်ကျိုး-၁၉ အာကာသကုန်တင်မှုမှာ ၂၀ ရာခိုင်နှုန်း တိုးလာခဲ့ရာ အာကာသယာဉ်မှူးများနှင့် ဆက်စပ်စနစ်များအတွက် ကာလတို၊ အရေးပါသောပံ့ပိုးပစ္စည်းများကို ပိုမိုသယ်ဆောင်နိုင်ခြင်း ဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံသည် အာကာသယာဉ်မှူးများ ‌ရွေးချယ်ခြင်းနှင့် လေ့ကျင့်ပေးခြင်း၊ အာကာသသိပ္ပံ အက်ပလီကေးရှင်းများ၊ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းအဆောက်အအုံများ၊ အာကာသအပျက်အစီးများမှ ကာကွယ်ခြင်းနှင့် မြေပြင်ပံ့ပိုးကူညီမှုများ စသည်တို့အပါအဝင် နယ်ပယ်စုံ၌ အဓိက အာကာသခရီးသွားနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2F သယ်ဆောင်ရေးဒုံးပျံထိပ်တွင် တပ်ဆင်ထားသော ရှန်ကျိုး-၁၉ လူလိုက်ပါသောအာကာသယာဉ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2F သယ်ဆောင်ရေးဒုံးပျံထိပ်တွင် တပ်ဆင်ထားသော ရှန်ကျိုး-၁၉ လူလိုက်ပါသောအာကာသယာဉ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2F သယ်ဆောင်ရေးဒုံးပျံထိပ်တွင် တပ်ဆင်ထားသော ရှန်ကျိုး-၁၉ လူလိုက်ပါသောအာကာသယာဉ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် တရုတ်အာကာသယာဉ်မှူးများဖြစ်သော ချိုက်ရွှိကျယ် (အရှေ့) ၊ စုန့်လန်တုန်း (လယ်) နှင့် ဝမ်ဟောက်ကျယ် တို့ကို လိုက်ပါပို့ဆောင်ခြင်းအခမ်းအနားအား၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရှန်ကျိုး-၁၉ လူလိုက်ပါသောအာကာသယာဉ်နှင့် Long March-2F သယ်ဆောင်ရေးဒုံးပျံ ပေါင်းစပ်ယာဉ်ကို လွှတ်တင်ရေးနေရာသို့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်က ရွှေ့ပြောင်းသယ်ဆောင်လာစဉ် (ဆင်ဟွာ)

 

………………………….
(English Version)
Shenzhou-19 astronauts start journey to China’s space station for new endeavors
JIUQUAN, Oct. 30 (Xinhua) — China launched the Shenzhou-19 crewed spaceship on Wednesday, sending three astronauts — including the country’s first female space engineer — to its orbiting space station for a six-month mission.
The spaceship, atop a Long March-2F carrier rocket, blasted off at 4:27 a.m. (Beijing Time) from the Jiuquan Satellite Launch Center in northwest China, said the China Manned Space Agency (CMSA).
About 10 minutes after the launch, the Shenzhou-19 spaceship separated from the rocket and entered its designated orbit. The crew members are in good shape and the launch is a complete success, the CMSA announced.
The spaceship will then perform a fast, automated rendezvous and docking with the front port of the space station core module Tianhe in about 6.5 hours, forming a combination of three modules and three spacecraft.
The new crew has numerous tasks ahead, including conducting space science and application tests, performing extravehicular activities, installing protective devices against space debris, and managing the installation and recycling of extravehicular payloads and equipment.
Compared with Shenzhou-18, the payload space of Shenzhou-19 has been increased by 20 percent, making it possible to transport more time-sensitive and essential supplies for astronauts and related systems.
China has carried out international collaborations with major space-faring nations and developing countries across various areas, including astronaut selection and training, space science applications, in-orbit facilities, space debris protection and ground support, with abundant outcomes.
Photo 1, 2, 3, 4: The Shenzhou-19 crewed spaceship, atop a Long March-2F carrier rocket, is launched from the Jiuquan Satellite Launch Center in northwest China, Oct. 30, 2024. (Photo by Wang Jiangbo/Xinhua)
Photo 5: Chinese astronauts Cai Xuzhe (front), Song Lingdong (C) and Wang Haoze attend a see-off ceremony at the Jiuquan Satellite Launch Center in northwest China on Oct. 30, 2024. (Xinhua/Li Xin)
Photo 6: This photo taken on Oct. 22, 2024 shows the combination of the Shenzhou-19 crewed spaceship and a Long March-2F carrier rocket being transferred to the launch area. (Photo by Wang Jiangbo/Xinhua)