China
တရုတ်ရေတပ်ရေယာဉ်များ ပင်လယ်သမုဒ္ဒရာလက်တွေ့လေ့ကျင့်ခုတ်မောင်းခြင်းနှင့် ပင်လယ်ရပ်ခြားခရီးစဉ်ပြီးနောက် ပြန်လည်ရောက်ရှိလာ
ကွမ်ကျိုး၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်ရေတပ်ရေယာဉ်များဖြစ်သော Qijiguang နှင့် Jinggangshan တို့သည် ၃၅ ရက်ကြာ ပင်လယ်သမုဒ္ဒရာလက်တွေ့လေ့ကျင့်ခုတ်မောင်းခြင်းနှင့် ပင်လယ်ရပ်ခြားခရီးစဉ်မစ်ရှင်ပြီးနောက် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းသို့ နိုဝင်ဘာ ၁ ရက်၌ ပြန်လည်ရောက်ရှိလာခဲ့သည်။
စက်တင်ဘာ ၂၈ ရက်တွင် စတင်ခဲ့သော အဆိုပါမစ်ရှင်သည် ရေမိုင် ၇,၀၀၀ ခန့် လွှမ်းခြုံခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာကို ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်၊ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ကိုလည်း ဖြတ်သန်းသွားခဲ့ကြောင်း သိရသည်။
ထိုမစ်ရှင်အတွင်း ရေယာဉ်များသည် မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သလို စင်ကာပူနိုင်ငံတွင်လည်း နည်းပညာရပ်ဆိုင်ရာဆောင်ရွက်ရန် ရပ်နားခဲ့သည်။
၎င်းမစ်ရှင်အတွင်း ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် နိုင်ငံခြောက်နိုင်ငံမှ ပြည်ပ စစ်ဘက်ဆိုင်ရာကျောင်းသား ၁၈ ဦး နှင့်အတူ ရေကြောင်းအင်ဂျင်နီယာတက္ကသိုလ်မှ အရာရှိလောင်းများနှင့် နည်းပြများ ၁,၃၀၀ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
မစ်ရှင်အတွင်း ရေယာဉ်အုပ်စုသည် တည်နေရာပြစွမ်းရည်လေ့ကျင့်မှုကို အလေးထားဆောင်ရွက်ခဲ့ကြပြီး နိုင်ငံရပ်ခြားမှသက်ဆိုင်သူများနှင့်အတူ ကူးလူးဖလှယ်မှုများကိုလည်း တက်ကြွစွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Chinese navy vessels return following ocean-going training, overseas visit
GUANGZHOU, Nov. 1 (Xinhua) — Chinese navy vessels Qijiguang and Jinggangshan concluded their 35-day ocean-going training and overseas visit mission, and returned to a military port in Zhanjiang City in Guangdong Province, south China, on Friday.
The mission, which began on Sept. 28, covered around 7,000 nautical miles, and saw the vessels traverse the Pacific and Indian oceans, and navigate through the South China Sea, the Andaman Sea, and the Bay of Bengal.
During the mission, the vessels visited Malaysia and Bangladesh, and made a technical stop in Singapore.
More than 1,300 cadets and instructors from the Naval University of Engineering, including 18 foreign military students from six countries including Cambodia, participated.
During the mission, the fleet focused on navigation skill training and actively engaged in exchanges with foreign counterparts.
Photo 1: This video screenshot shows Chinese navy vessels Qijiguang (below) and Jinggangshan (above) sailing in formation in the Pacific Ocean, Oct. 24, 2024. (Photo by Yu Junhao/Xinhua)
Photo 2: Chinese navy vessels Qijiguang and Jinggangshan return to a military port in Zhanjiang City in south China’s Guangdong Province, Nov. 1, 2024, after concluding their 35-day ocean-going training and overseas visit mission. (Photo by Gao Yang/Xinhua)