Myanmar
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ အရေးကြီးနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်ရန် အကြမ်းဖက်သမားများ လွှတ်တင်ခဲ့သည့် Fixed Wing များအားလုံး ဟန့်တားနိုင်ခဲ့ (၅/၁၁/၂၀၂၄ – MRTV)
-ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပပြုလုပ်မည့် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ် လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား တွေ့ဆုံမှာကြား ( ၅/၁၁/၂၀၂၄- MOI)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား (၆/၁၁/၂၀၂၄ – MRTV)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများ သို့ တက်ရောက်ရန်ရောက်ရှိနေသည့် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေး (၆/၁၁/၂၀၂၄ – MRTV)
-၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ (၆)မျိုး ကစားမည်
-ရန်ကုန်-ပုသိမ် ခရီးစဉ်နှင့် ရန်ကုန်-ညောင်ဦး ခရီးစဉ် အပတ်စဉ်ပြေးဆွဲမည် (၆/၁၁/၂၀၂၄ – MRTV)
-၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်းတန်ချိန် (၂ ဒသမ ၉၈) သန်းကို ပင်လယ်ရေကြောင်းမှ တစ်ဆင့် တင်ပို့နိုင်ခဲ့ပြီး မတ်ပဲတန်ချိန် (၅) သိန်းအထိ အိန္ဒိယနိုင်ငံသို့ လာမည့်နှစ်၌ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေ (၆/၁၁/၂၀၂၄ – MRTV)
-၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်ကာ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲစုစုပေါင်း (၂၈၀)၊ ကျောက်မျက်အတွဲစုစုပေါင်း (၁၆၀) တွဲနှင့် ကျောက်စိမ်းအနေဖြင့် အုပ်စု (A)၊ (B)၊ ( C) သုံးခုခွဲကာ အတွဲပေါင်း (၄၈၀၀) ကို ရောင်းချပေးသွားမည် (၆/၁၁/၂၀၂၄ – MRTV)
-(၃၃) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် အခမ်းအနားတွင် ဆောင်း ရာသီကာလအတွက် ခန့်မှန်းချက်များကို အသုံးပြုပြီး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား တင်ပြဆွေးနွေး (၆/၁၁/၂၀၂၄ – MRTV)
-ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် e-Government ဆိုင်ရာ အထောက်အကူပြု အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး
(၆/၁၁/၂၀၂၄ – MOI)