Connect with us

China

သမ္မတ ရှီကျင့်ဖိန်နှင့် မော်ရိုကိုနိုင်ငံ အိမ်ရှေ့မင်းသား Moulay Hassan တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဘရာဇီးနိုင်ငံ နိုင်ငံတော်အလည်အပတ် ခရီးစဉ်အပြီး အထူးလေယာဉ်ဖြင့် အပြန်ခရီးစဉ်တွင် ကာဆာဘလန်ကာမြို့၌ နိုဝင်ဘာ ၂၁ ရက် ညပိုင်းက တစ်ထောက်ရပ်နားရာ မော်ရိုကိုနိုင်ငံ အိမ်ရှေ့မင်းသား Moulay Hassan နှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ) (ဆင်ဟွာ)

ကာဆာဘလန်ကာ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ နိုင်ငံတော်အလည်အပတ် ခရီးစဉ်အပြီး အထူးလေယာဉ်ဖြင့် အပြန်ခရီးစဉ်တွင် ကာဆာဘလန်ကာမြို့၌ နိုဝင်ဘာ ၂၁ ရက် ညပိုင်းက တစ်ထောက်ရပ်နားခဲ့သည်။

မော်ရိုကိုနိုင်ငံ ဘုရင် Mohammed VI က မော်ရိုကို အိမ်ရှေ့မင်းသား Moulay Hassan ၊ ဝန်ကြီးချုပ် Aziz Akhannouch အား လေဆိပ်သို့ သီးသန့်စေလွှတ်၍ သမ္မတ ရှီကျင့်ဖိန်အား ဆီးကြိုစေခဲ့သလို လေဆိပ်တွင် ကြိုဆိုပွဲ အခမ်းအနားလည်း ကျင်းပခဲ့သည်။

ရှီကျင့်ဖိန်နှင့် အိမ်ရှေ့မင်းသား Moulay Hassan တို့ ချစ်ခင်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
ရှီကျင့်ဖိန်က ဘုရင် Mohammed VI အား ချစ်ခင်ရင်းနှီးစွာ နှုတ်ခွန်းဆက်ကြောင်းနှင့် ဆုမွန်ကောင်းစကားပြောကြားကြောင်းကို အိမ်ရှေ့မင်းသား Moulay Hassan မှတစ်ဆင့် ပြောကြားခဲ့သည်။
တရုတ်-မော်ရိုကို နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ပြီး နှစ်ဖက် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ရလဒ်များစွာ ရရှိကာ ကဏ္ဍစုံဖလှယ်ရေး နေ့စဉ်နှင့်အမျှ သွက်လက်အားကောင်းခဲ့ကြောင်း ရှီကျင့်ဖိန်က ထောက်ပြ ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဘုရင် Mohammed VI သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် လာရောက်ခဲ့ရာ မိမိအနေဖြင့် ၎င်းနှင့်အတူ ရလဒ်အများအပြား ထွက်ပေါ်ခဲ့သောတွေ့ဆုံဆွေးနွေးပွဲ ကျင်းပကာ တရုတ်-မော်ရိုကို ဆက်ဆံရေး အဆင့်သစ်သို့ တက်လှမ်းရန် တွန်းအားပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မော်ရိုကိုနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် တည်ငြိမ်ရေး ကာကွယ်ထိန်းသိမ်းမှုကို ထောက်ခံကြောင်း၊ မော်ရိုကိုနိုင်ငံနှင့်အတူ အပြန်အလှန် ဗဟိုအကျိုးစီးပွားရေးရာကိစ္စရပ်များ၌ အပြန်အလှန် အခိုင်အမာ ထောက်ခံသွားလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မော်ရိုကိုနိုင်ငံနှင့်အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေးနှင့် တရုတ်-အာရေဗျ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၁၀ ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး ရလဒ်များကို ကောင်းမွန်စွာ ဖော်ဆောင်ကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူ တည်ဆောက်ရေး မူဘောင်အတွင်း ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုများပြားသော ရလဒ်များ ရရှိအောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း၊ နှစ်ဖက်အနေဖြင့် လူမှုယဉ်ကျေးမှု ဖလှယ်ရေးကို တိုးချဲ့ရမည်ဖြစ်သလို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ပြည်သူ့ဆန္ဒ ခိုင်မာမှုကို အခြေခံ၍ တရုတ်-မော်ရိုကို မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ဘုရင် Mohammed VI ၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားနှင့် လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်း သမ္မတ ရှီကျင့်ဖိန်အား Moulay Hassan က ပြောကြားခဲ့ပါသည်။ မော်ရိုကို-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့် အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားကြောင်း၊ ကိုဗစ်ကပ်ရောဂါကာလ မော်ရိုကိုနိုင်ငံအား တရုတ်နိုင်ငံမှ အဖိုးတန်အကူအညီများပေးအပ်ခဲ့သည့်အပေါ် ကျေးဇူးတင်ရှိရာ မော်ရိုကို ပြည်သူများအနေဖြင့် ထာဝရ အမှတ်ရနေမည် ဖြစ်ကြောင်း၊ မော်ရိုကို တော်ဝင်မိသားစုနှင့် အစိုးရသည် မော်ရိုကို-တရုတ် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အခိုင်အမာ အားထားဆောင်ရွက်သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာကူးလူးဖလှယ်ရေးကို ဆက်လက်ထိန်းသိမ်းကာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်သွားလိုကြောင်း၊ တရုတ်ဘာသာစကားနှင့် တရုတ်ယဉ်ကျေးမှုကို မော်ရိုကိုပြည်သူများက အထူးနှစ်ခြိုက်ကြိုဆိုကြရာ နှစ်နိုင်ငံ လူမှုယဉ်ကျေးမှုဖလှယ်ရေး အားဖြည့်ဆောင်ရွက်သွားလိုကြောင်း၊ မော်ရိုကို-တရုတ် နှစ်နိုင်ငံသည် ကိစ္စရပ်အများအပြားတွင် ရပ်တည်ချက်ချင်းအလားတူကြောင်း၊ မော်ရိုကိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လုံခြုံရေး၊ တည်ငြိမ်ရေးကို အသီးသီး ကာကွယ်ထိန်းသိမ်းရာတွင် အခိုင်အမာ အပြန်အလှန် ထောက်ခံအားပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ချိုက်ချီ၊ ဝမ်ရိ စသည်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဘရာဇီးနိုင်ငံ နိုင်ငံတော်အလည်အပတ် ခရီးစဉ်အပြီး အထူးလေယာဉ်ဖြင့် အပြန်ခရီးစဉ်တွင် ကာဆာဘလန်ကာမြို့၌ နိုဝင်ဘာ ၂၁ ရက် ညပိုင်းက တစ်ထောက်ရပ်နားရာ မော်ရိုကိုနိုင်ငံ အိမ်ရှေ့မင်းသား Moulay Hassan နှင့် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
(ဆင်ဟွာ)

………………………..
(Chinese Version)
习近平会见摩洛哥王储哈桑
新华社摩洛哥卡萨布兰卡11月21日电(记者杨依军 陆佳飞)当地时间11月21日晚,国家主席习近平结束对巴西国事访问乘专机回国途中在卡萨布兰卡作技术经停。
受摩洛哥国王穆罕默德六世指派,摩洛哥王储哈桑、首相阿赫努什专程赴机场迎接习近平,并在机场举行欢迎仪式。
习近平同哈桑王储进行了亲切交谈。
习近平请哈桑王储转达对穆罕默德六世国王的亲切问候和良好祝愿。习近平指出,中摩两国关系发展良好,双方务实合作富有成效,各领域交往日益活跃。2016年,穆罕默德六世国王对中国进行国事访问,我同他举行了富有成果的会谈,推动中摩关系迈上新台阶。中方支持摩洛哥维护国家安全稳定,愿同摩方继续在涉及彼此核心利益问题上坚定相互支持。中方愿同摩方落实好中非合作论坛北京峰会和中阿合作论坛第十届部长级会议成果,推动共建“一带一路”框架内各领域务实合作取得更多成果。双方要扩大人文交流,夯实两国友好民意基础,推动中摩战略伙伴关系得到更大发展。
哈桑转达穆罕默德六世国王对习近平主席的诚挚问候和热烈欢迎,表示摩中两国关系保持良好发展势头,感谢中国在新冠疫情期间给予摩方宝贵支持,摩洛哥人民永远不会忘记。摩洛哥王室和政府均坚定致力于进一步发展摩中关系,愿同中方保持高层交往,加强各领域合作。汉语和中国文化深受摩洛哥人民欢迎,希望加强两国人文交流。摩中两国在许多问题上立场相近,摩方愿同中方坚定支持彼此维护国家的主权和安全稳定。
蔡奇、王毅等参加会见。(完)
1. 当地时间11月21日晚,国家主席习近平结束对巴西国事访问乘专机回国途中在卡萨布兰卡作技术经停。这是习近平同哈桑王储亲切交谈。 新华社记者 李学仁 摄