Connect with us

Environment, Disasters & Accidents

တည်ဆောက်ဆဲသင်္ဘောအား ဝရိန်ဆော်စဉ် မီးများပွင့်ထွက်ရာမှပေါက်ကွဲမှုဖြစ်ပွား

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သင်္ဘောအားတွေ့ရစဉ် (ဓာတ်ပုံ-- Yangon Police)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

တည်ဆောက်ဆဲသင်္ဘောအား ဝရိန်ဆော်စဉ် မီးများပွင့်ထွက်ရာမှပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးပြီး လူအများဒဏ်ရာရရှိကြောင်း၊ ထိုပေါက်ကွဲမှု နှင့် ပတ်သက်၍ အမှုဖွင့် စုံစမ်းစစ် ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စက်မှုဇုန်(၇)၊ ဆိပ်ကမ်းသာလမ်းရှိ သင်္ဘောကျင်းဝင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ အင်းစိန်မြို့နယ်နေသူဖြစ်ပြီး၊ ဒဏ်ရာရရှိသူအမျိုးသား များမှာ အောင်ပြည့် ဟိန်း၊ မျိုးကျော်သူ

ထွန်း၊ မင်းထက်၊ အောင်ဇေယျာဝင်း၊ ကျော်ကျော်တို့တွင် ဖြစ်ကြပြီး အတွင်း/အပြင်လူနာများအဖြစ် တင်ပို့ကုသခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စက်မှုဇုန်(၇)၊ ဆိပ်ကမ်းသာလမ်းရှိ Family Win သင်္ဘောကျင်း၌ လွန်းတင်ထားသည့် အလျား(၂၀၀)xအနံ (၅၀)ပေရှိ တည်ဆောက်ဆဲ သင်္ဘော၏ လေလုံတက်မ ခန်းမ အလျား ၁၈ ပေ၊ အနံ ၅၀ပေ၊ အမြင့် ၄ ပေအတွင်းလွန်ခဲ့သော

(၂)ရက်ခန့်က ဆေးသုတ်ထားသဖြင့် တာပင်တိုင် ဒြပ်နှောများစိမ့်ဝင်နေခြင်းဖြစ်ကြောင်း၊ ၎င်းအခန်းအတွင်း သေဆုံးသူက ယင်းနေ့ နံနက် ၀၈း၀၀နာရီ အချိန်တွင် ဝရိန်ဆော်စဉ် မီးပွင့်များထွက်ရာမှ တာပင်တိုင်ဒြပ်နှောများဖြင့်ထိတွေ့ ကူးစက်ပေါက်ကွဲခဲ့ဖြစ်ဖြစ်ကြောင်းနှင့် အဆိုပါကိစ္စ နှင့် ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်း တွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.