Connect with us

Media

မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ ၉ လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ သန်းကျော် တင်ပို့

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ ၉ လတာကာလအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ သန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ ဇန်နဝါရီ ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ယမန်နှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေ အမေရိကန်‌ဒေါ်လာ ၉၄၈ သန်း ရရှိခဲ့ကြောင်း MRF ထံမှ သိရသည်။
ယင်းအနက် ယမန်နှစ် ဒီဇင်ဘာလအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၃၃၇,၄၉၀ တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄၅ သန်း ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ ၉ လတာကာလအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုများကို ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းကြောင်းများမှတစ်ဆင့် အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံ စသည့်နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁.၆ သန်းကျော် တင်ပို့ခဲ့ပြီး ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော် ရရှိခဲ့ကြောင်း MRF ထံမှ သိရသည်။ (Xinhua)

………………………..
(English Version)
Myanmar exports over 2 mln tons of rice, broken rice in first 9 months of 2024-25 FY
YANGON, Jan. 9 (Xinhua) — Myanmar exported over 2 million tons of rice and broken rice in the first nine months of the 2024-25 fiscal year, according to the Myanmar Rice Federation (MRF) on Thursday.
The Southeast Asian country earned 948 million U.S. dollars from exports between April and December last year, the MRF said.
Of the total, 337,490 tons of rice and broken rice were exported in December last year, generating 145 million dollars in revenue, the federation said.
During the nine-month period, the country exported rice and broken rice via both sea and land routes to more than 30 countries, including Indonesia, China, the Philippines, the Netherlands, and Belgium, it said.
In the 2023-24 fiscal year, Myanmar exported over 1.6 million tons of rice and broken rice, earning more than 845 million dollars, according to the federation.